စာအုပ်စျေးရောင်းပွဲကို ၂၀၁၇ သြဂုတ်လ ၁ရက်နေ့တွင် စတင်မည်

စိတ်ကူးချိုချို စာအုပ်တိုင်၏ ၁၈နှစ်ပြည့် အထိမ်းအမှတ် စာအုပ်စျေးရောင်းပွဲတော်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြားတောရလမ်း အဏ္ဏဝါဓမ္မာရုံတွင် သြဂုတ်လ ၁ရက်နေ့မှာ သြဂုတ်လ ၁၃ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
စာအုပ်ဝယ်ယူသူ ပရိသတ်များအတွက် ဝယ်ယူသည့် တန်ဖိုးအလိုက် လက်ဆောင် ပစ္စည်းများကို ပေးအပ် သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် ချည်ထည်လက်မှုပစ္စည်းများကို ပေးအပ်သွားရန် စီစဉ်ထားသည်။

အထူးအစီအစဉ်အဖြစ် စျေးရောင်းပွဲတော်ကာလတွင် စာကြည့်တိုက်များအား ၃၀ရာခိုင်နှုန်း လျှော့စျေးဖြင့် ရောင်းချရန် စီစဉ်ထားကာ ပုံမှန်ဝယ်ယူနေကျ စာကြည့်တိုက်များမဟုတ်ပါက စာကြည့်တိုက်ဆိုင်ရာ အထောက်အထား တစ်စုံတစ်ရာ ယူဆောင်လာပေးပါရန် မေတ္တာရပ်ခံပါသည်။

Yangon Book Plaza ဖွင့်လှစ်မည်

June 18, 2020

စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှုဒါန်းပွဲကျင်းပ

June 18, 2020