ဆယ်ကျော်သက်တစ်ယောက်၏ ပြောင်းပြန်အမြင်များ

2,300 Ks

SKU: woo-b159 Category:

ခေတ်သည် တရွေ့ရွေ့နှင့် တိုးတက်ပြောင်းလဲလာပါသည်။ မည်သည့်အပိုင်း၌ တိုးတက်လာသနည်းဟု မေးလျှင် ဖြေရန် အလွန်ကျယ်ပြန့်သော် လည်း ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လာသည်ဟူ၍တော့ ယေဘုယျ ဖြေဆို၍ ရပါသည်။ ယနေ့ခေတ်မှာ IT နည်းပညာခေတ်ဖြစ်ရာ မြန်နှုန်းမြင့် တွေးခေါ်နိုင်စွမ်းက အရေးကြီးလာပါသည်။ တိုးတက်ပြောင်းလဲမှုအလျဉ်နှင့် မိမိ၏ တွေးခေါ်မှု အလျဉ်ကို တစ်သားတည်း လိုက်ပါမောင်းနှင်ရပါလိမ့်မည်။ သို့မှသာ ရုပ်ဝတ်္ထုများတိုးတက်လာမှုနှင့်အတူ မိမိတို့၏ ဘဝများလည်း ပြောင်းလဲတိုးတက်နိုင်မှာ ဖြစ်သည်။
ဤစာအုပ်မှာ အသက် ၂၀ ဝန်းကျင်အရွယ် ဆယ်ကျော်သက်လူငယ် စာရေးသူတစ်ဦး၏ ခေတ်ပြိုင်ခံစားမှု ဆောင်းပါးများ ဖြစ်ပါသည်။ စာရေးသူက သူ့အသက်အရွယ် သူ့ ဖြတ်သန်းမှုနှင့် ပတ်သက်၍ အချို့ကို နက်ရှိုင်းစွာ အချို့ကို ပေါ့ပါးလေးနက်စွာဖြင့် ထိတို့ရေးဖွဲ့ထားရာ နည်းပညာ ခေတ်ကြီးထဲ၌ စီးမျောနေသော လူငယ်တစ်ဦး၏ ခေတ်ပြိုင်ဝိရောဓိများ၊ ဖောက်ထွက်သော ပြောင်းပြန် အတွေးအမြင်များကို ဖမ်းဆုပ်နိုင်မည့် စာအုပ် ဖြစ်ပါသည်။

စာမျက်နှာ

၂၁၅ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ သြဂုတ်လပထမအကြိမ်