ဗမာ့အတွင်းသဘော

4,000 Ks

SKU: woo-b175 Category:

ရန်ကုန်မြို့ အရေးပိုင်ဟောင်း ဗြိတိသျှကြီး Into Hidden Burma ကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ထိုစာအုပ်ကို ၁၉၆၂ ခုနှစ်၌ ဆရာမိုးဝေက ဦးခင်မောင်ကြီးကလောင်ဖြင့် ဗြိတိသျှ သံဖနောင့်အောက်မှ မြန်မာပြည်ဟု အမည်ပေးကာ ပြန်ဆိုခဲ့ဖူးသည်။
မောရစ်ကောလစ် ဖြတ်သန်းတွေ့ကြုံခဲ့သော မြန်မာပြည်သည် လွတ်လပ်ရေးတိုက်ပွဲ ခေတ်ဦး မြန်မာပြည်ဖြစ်သည်။ မောရစ်ကောလစ်သည် ၁၉၁၄ ခုနှစ်တွင် အိုင်စီအက်စ်ပေါက်စ ဘဝဖြင့် မြန်မာပြည်သို့ရောက်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်မျှ တာဝန်ထမ်းဆောင်ခဲ့ရာ သူ၏စာအုပ်၌ လွန်ခဲ့ သောနှစ်ပေါင်း ၁၀၀ ဝန်းကျင်က ဗမာလူမျိုးတို့၏ စရိုက်၊ ရိုးရာယဉ်ကျေးမှု၊ အနုသုခုမပညာ ရပ်များအကြောင်း၊ ခေတ်စနစ်နှင့် ပညာရေး၊ ဘာသာရေးထုံးတမ်းစဉ်လာများ၊ တရားစီရင်ပုံများ စသည်ဖြင့် သူတွေ့ကြုံခဲ့သမျှကို နှစ်သက်မြတ်နိုးစိတ်ဖြင့် မလွတ်တမ်း မှတ်တမ်းတင်ရေးဖွဲ့ခဲ့ သော စာအုပ်ဖြစ်ပါသည်။

စာမျက်နှာ

၃၆၀ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ ဇူလိုင်လ ဒုတိယအကြိမ်