ဝေဖန်ရေးနှင့် ကျွန်တော်

2,500 Ks

SKU: woo-b176 Category:

ဆရာမောင်သာနိုး၏ စာပေဝေဖန်ရေးဆိုင်ရာဆောင်းပါး ၂၇ပုဒ်ကို စုစည်းထားခြင်းဖြစ်သည်။ ‘ပျူစကားရဲ့ ဝါကျဖွဲ့ထုံး’ တွင် ပျူဘာသာစကားနှင့် မြန်မာဘာသာစကား ဆက်စပ်မှု ၊ ကွဲပြားမှုတို့ကို ဖော်ပြထားပြီး ‘သမိုင်းဝတ္ထုရေးဆရာရဲ့သြဇာ’တွင် သမိုင်းဝတ္ထုရေးသူများ သတိပြုသင့်သည့် အချက်များကို ထောက်ပြ ထားကာ စာဖတ်သူများကိုလည်း သမိုင်းမှတ်တမ်းအဖြစ် မှတ်ယူခြင်းမပြုရန် တိုက်တွန်းထားသည်။ ‘ရှေးကအလွဲသုံးစား အရေးအသားများ’တွင် ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့ ပညာပြိုင်ပုံကို ထိုးဇာတ်အဖြစ်ရေးသားထားခြင်းအား သမိုင်းမှတ်တမ်းဖြစ်လေဟန် ရေးသားသူများနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြထားပြီး’ရှေးမြန်မာ သီချင်းနှင့် ဝါဒ’တွင် ဝါဒဆိုသည့် စကားရပ်ဆင်းသက်လာပုံနှင့် အသုံးပြုသည့်စံနှုန်းလွဲချော်နေသည့်အကြောင်း သုံးသပ်ပြထားသည်။ ‘ဘာကြောင့်ရှေးထုံးကို မပယ်ရသလဲ’တွင် အသစ်တီထွင်လိုသူများအနေဖြင့် အဟောင်းကိုကျွမ်းကျင်နားလည်မှသာ အဟောင်းထက်ကောင်းသည့် အသစ်များအဆင့်တန်းမြင့်မြင့် တီထွင်ဖန်တီးနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားပြီး ‘ရှေးထုံးတစ်ခုတည်းနဲ့တော့ မရ’ ဆောင်းပါးဖြင့် မြန်မာစာပေ မြန်မာစကားကို ခြေခြေမြစ်မြစ်လေ့လာကြရန် တိုက်တွန်း ထားသည်။

စာမျက်နှာ

၂၀၁ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၈ ခု၊ ဇန်နဝါရီလ ပထမအကြိမ်