ကမ္ဘာ့ဂန္ထဝင် ပြဇာတ် ၃ ပုဒ်

4,500 Ks

SKU: woo-b180 Category:

ကမ္ဘာကျော် စာရေးဆရာကြီးများဖြစ်ကြသည့် ဂေါ်ကီ| ဘားနဒ်ရှော နှင့် ကူမိုးဂျိုး တို့၏ ပြဇာတ် ၃ပုဒ်ဖြစ်သည်။
ပစ္စည်းမဲ့လူတန်းစားများ စုပေါင်းနေထိုင်သည့် အိမ်ရှင်လင်မယား| သော့ပြင်လင်မယား |ဖဲသမား| သူခိုး| ပြည့်တန်ဆာ |ဈေးသည် |ဖိနပ်ချုပ်သမား| ပြဇာတ်မင်းသား| ရာထူးကျမြို့စား နှင့် အလုပ်သမား တို့၏ ဘဝကိုဖော်ကျူးထားသည့် ပြဇာတ်ဖြစ်သည်။ ‘အောက်ဆုံးအလွှာ’ ပြဇာတ်မှာဂေါ်ကီ၏ အထင်ရှားဆုံးပြဇာတ် တစ်ပုဒ်ဖြစ်သည်။
ချောကလက်ကိုင်၍ စစ်တိုက်သည့် စစ်ဗိုလ်တစ်ယောက်နှင့် ရန်သူကို စေ့စေ့ညက်ညက်ကျေအောင်တိုက်ခဲ့သည့် စစ်ဗိုလ်တစ်ယောက်တို့ အချစ်စစ်မြေပြင်တွင် တွေ့ဆုံကြသည့် အကြောင်းကို ရေးဖွဲ့ထားသော’လူနှင့် လက်နက်’ပြဇာတ်ကို ပညာရှင်များက ဘားနဒ်ရှော၏ ပြဇာတ်များကို သရုပ်ခွဲရာတွင် ဇာတ်မြူး အဖြစ် ဖော်ပြကြသော်လည်း စစ်ဆိုသည့်အရာကို အဓိပ္ပာယ်ပြည်ဝစွာဖွင့်ပြနိုင်သည့် ပြဇာတ်တစ်ပုဒ်ဖြစ်သည်။
ဘီစီ ၄ရာစုခန့်က တရုတ်ပြည်တွင်ထင်ရှားခဲ့သည့် စာဆိုရှင် ချူယွန်၏ အတ္တုပ္ပတ္တိကို အခြေခံ ထားသည့်ပြဇာတ်ဖြစ်သည်။ တော်လှန်ရေးနှင့် အမျိုးသားသစ္စာဖောက်နှိမ်နင်းရေးးအတွက် နိုင်ငံရေးအရလှုံ့ဆော်ခဲ့သည့်ပြဇာတ်ဖြစ်သည်။ တရုတ်စာရေးဆရာကြီး ကူမိုးဂျိုးသည် တရုတ်ပြည်သူသမ္မတနိုင်ငံ၏ တော်လှန်ရေးခေါင်းဆောင်ဖြစ်ရုံမက စာပေနှင့်ယဉ်ကျေးမှုတွင်လည်း တပ်ဦးမှ ခေါင်းဆောင်ခဲ့သူဖြစ်ကာ’တော်လှန်သောကဗျာဆရာ နှစ်ဦး’ပြဇာတ်မှ လူကြိုက်များသည့် ပြဇာတ်ဖြစ်သည်။

စာမျက်နှာ

၄၂၄ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၇ ခု၊ သြဂုတ်လ ပထမအကြိမ်