ယနေ့အခါလောကီရေး ယဉ်ကျေးမှုသက်သက် မြန်မာစာအုပ်များရှားပါးလာသလို ဂါရဝတရား၊ နိဝါတတရားများဖြင့် အခြေပြုတည်ဆောက်ခဲ့သော မြန်မာတို့၏ ယဉ်ကျေးဖွယ်ရာမှုများလည်း လျော့ပါး လာခဲ့ပါပြီ။ မည်သည့်နေရာဌာန၌ မည်သို့ယဉ်ကျေးရမည်ကို မသိရှိကြသောလူငယ်များ၊ အယဉ်ကျေး မတတ်သဖြင့် ရိုင်းဇာတ်ခင်းမိကြသော လူငယ်များလည်း တစ်နေ့တခြား များပြားလာခဲ့ပေပြီ။ လုပ်ငန်း ခွင်နှင့် လူမှုဆက်ဆံရေး၊ ဘဝအောင်မြင်တိုးတက်ရေးနယ်ပယ်၌မူ ယဉ်ကျေးမွန်ရည်မှုသည် အလွန် အရေးကြီးပါသည်။
ဤစာအုပ်၌ လူငယ်တစ်ဦးအနေဖြင့် အောင်မြင်တိုးတက်သောဘဝကို ရှေးရှုရာ၌ အခြေခံအားဖြင့် လိုက်နာကျင့်သုံးရမည့် လူမှုစည်းမျဉ်းများကို အကျယ်တဝင့် တင်ပြထားပါသည်။
ဒါမှလူရည်မွန်
1,000 Ks
စာမျက်နှာ | ၁၀၂ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၄ခု၊ဇန်နဝါရီလ ဒုတိယအကြိမ် |