ဗေဒင်ဟောတေးထပ်အဖြေကျမ်း

1,500 Ks

SKU: woo-b192 Category:

ကုန်းဘောင်ခေတ် စာဆိုကြီး စလေဦးပုညသည် ဗြို့ဟ်ဇ်ကျမ်း၊ ရာဇမတ္တဏ်ကျမ်း အစရှိသော ဗေဒင်ကျမ်းတို့မှ အဆီအနှစ်တို့ကို ထုတ်နုတ်၍ ဂြိုဟ်စီး၊ ဂြိုဟ်နင်း၊ ဂြိုဟ်နေ၊ ဂြိုဟ်ပူးအစရှိသော ဗေဒင် အရာတို့နှင့်တကွ ဖလိတ(အဟော)ပိုင်းဆိုင်ရာ ဟောကွက်၊ ဟောချက်များကို တေးထပ်(၈၄)ပုဒ်ဖြင့် ပြဆိုခဲ့ပါသည်။ သို့ရာတွင် ကဗျာပုံသဏ္ဌာန်ဖြင့်တင်ပြခြင်း၊ ဝေါဟာရများ၏ နက်နဲမှု၊ ပညာရပ်၏ နက်နဲမှုတို့ကြောင့် လူတိုင်းနားလည်နိုင်ရန် ခက်ခဲလှပါသည်။
ဤစာအုပ်၌ စာလေဦးပုည၏ ဗေဒင်တေးထပ်များမှနက်နဲသော အကောက်အယူ အဓိပ္ပာယ်များကို ဆရာကြီးဦးသက္ကက ဗေဒင်ကျမ်းအစောင်စောင်နှင့် ညှိနှိုင်းတည်းဖြတ်၍ အကျယ်တဝင့် ဖွင့်ဆို ရှင်းလင်းထားပါသည်။

စာမျက်နှာ

၁၅၃ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၃ခု၊ဒီဇင်ဘာလ သတ္တမအကြိမ်