လွယ်ကူရိုးရှင်းသော လက်တွေ့အသုံးချ

1,300 Ks

SKU: woo-b197 Category:

သရုပ်ဆောင်ပညာဆိုသည်မှာ သူ့စိတ်နှင့် ကိုယ့်ကိုယ် ပေါင်းစပ်ခြင်း ဖြစ်ပါသည်။ သူ့စိတ်တည်းဟူသော မိမိသရုပ်ဆောင်ရမည့် ဇာတ်ကောင် စရိုက်နှင့် မိမိ၏ ကိုယ်နှုတ်နှလုံးတို့ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ခြင်း ဖြစ်ပါသည်။ တကယ်တော့ သရုပ်ဆောင်ပညာသည် ကျယ်ပြန့်နက်ရှိုင်း လှသည်ဖြစ်ရာ စနစ်တကျ လေ့လာမှု မရှိပါက အမှားအယွင်းလည်း များနိုင်သလို ပိုမို၍လည်း ခက်ခဲနိုင်ပါသည်။ သို့ဖြစ်ရာ သရုပ်ဆောင်အလုပ်ကို စိတ်ဝင်စားသူများ၊ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရပ်တည်မည့်သူများ၊ ပရိသတ်နှင့် တိုက်ရိုက်ထိတွေ့ရမည့် Presenter များ၊ ဇာတ်သဘင်လောက၌ သရုပ်ဆောင်မည့်သူများ စသည့် စင်မြင့်တစ်ခုပေါ်၌ ပရိသတ်ကို ဖျော်ဖြေမည့်သူများ အားလုံးသည် သရုပ်ဆောင်အတတ်ပညာကို စနစ်တကျ လေ့လာဆည်း ပူးသင့်ပါသည်။
ဤစာအုပ်ကို ရေးသားသူမှာ ရုပ်ရှင်ဇာတ်ကားကြီး ၂၇ ကား၊ ဗီဒီယိုဇာတ်ကားပေါင်း ၃၀၀ ကျော် အပြင် ဇာတ်သဘင်လောက၌လည်း ၁၀ နှစ်ထက်မနည်း အတွေ့အကြုံရင့်ကျက်စွာ ဖြတ်သန်းသရုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ လက်ရှိ၌လည်း အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ် ရုပ်ရှင်/ပြဇာတ် ဌာန၌ အချိန်ပိုင်း ပါမောက္ခ၊ Laurel Art Academy ? S.B.I. Oscar, Dream World စသည့် နာမည်ကျော် ရုပ်ရှင်သင်တန်း ကျောင်းများ၌ ဆရာတစ်ဦးအဖြစ် သင်ကြားပို့ချပေးနေသူ ဖြစ်ပါသည်။
ဤစာအုပ်တွင် သရုပ်ဆောင် ပညာရပ်နှင့် ပတ်သက်၍ ပညာရှင်များ၏ အဓိပ်္ပာယ်ဖွင့်ဆိုချက်၊ လမ်းညွှန်ချက်များ၊ ဇာတ်ကောင်စရိုက်၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများနှင့် သရုပ်ဆောင်ခြင်း၊ အသံပိုင်းဆိုင်ရာ ပညာရပ်နှင့် ပတ်သက်သော လေ့ကျင့်ခန်းများ၊ မျက်ရည်ကျနည်းအမျိုးမျိုး၊ အဝတ်အစား အသုံးအဆောင်နှင့် တကွ ရုပ်ရှင်ဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စနစ်တကျ လွယ်ကူရှင်းလင်းစွာ ရေးသားပြုစုထားပါသည်။

စာမျက်နှာ

၉၇ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ သြဂုတ်လ ပထမအကြိမ်