‘မဖြစ်သေးသောစစ်နှင့် ဖြစ်နေသေးသောစစ်’၊ ‘ခြင်အက်ဆေး’၊ ‘ဒီမိုကရေစီရှေ့က ပိတ်ရပ်နေသော အတား အဆီးများ’ စသည့် နိုင်ငံရေးအက်ဆေး၊ ‘ရသနှင့်လူ လူနှင့်ရသ’ ၊ ‘ရသစာပေ ရသအနုပညာ၏ အားခွန်’ အစ ရှိသည့် ရသစာပေဆိုင်ရာ အက်ဆေးများ၊ ‘ရေသန့်ဘူးနှင့်စကားပြောခြင်း’ ၊ ‘ခွကျသောသူနှင့် ခွကျသော ဘာသာစကား’ စသောအတွေးအခေါ် စကားပြေများ နှင့် ‘ပန်းတစ်ပွင့်ကို အန်ထုတ်လိုက်သောနေရောင်ခြည်’၊ ‘ဥဒ္ဓစ္စကမ်းခြေ’စသည့် ဝတ္ထုတိုများ အပါအဝင် စကားပြေ အပုဒ် ၃၀ ကို စုစည်းထားခြင်းဖြစ်သည်။ မောင်ခိုင်လတ် အမှာရေးသည်။
You are previewing: ဥဒ္ဓစ္စကမ်းခြေ နှင့် အခြားစကားပြေများ

ဥဒ္ဓစ္စကမ်းခြေ နှင့် အခြားစကားပြေများ
စာမျက်နှာ | ၁၃၆ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၈ ခု၊ ဇန်နဝါရီလ ပထမအကြိမ် |
စာရေးဆရာ |
ကျီးသဲလေးထပ်ဆရာတော်, ကျော်ဇေယျာ (ပုသိမ်), ကြပ်ကလေး (သက်လုံ/နန္ဒသူ), ကြယ်နီ, ခင်ဆွေဦး, စစ်ကိုင်း ဦးဘိုးသင်း |

ကဏ္ဍအလိုက်စာအုပ်များ
-
အယောင်ဆောင်ဖူးစာ (အချစ်ဟာသလုံးချင်း)2,500 Ks
-
ပုစ္ဆာဆန်သော မိန်းကလေး2,500 Ks
-
နေညိုညို2,000 Ks
-
ရေနံ့သာခင်ခင်ကြီး9,500 Ks
-
ဥဒ္ဓစ္စကမ်းခြေ နှင့် အခြားစကားပြေများ
စာမျက်နှာ | ၁၃၆ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၈ ခု၊ ဇန်နဝါရီလ ပထမအကြိမ် |
စာရေးဆရာ |
ကျီးသဲလေးထပ်ဆရာတော်, ကျော်ဇေယျာ (ပုသိမ်), ကြပ်ကလေး (သက်လုံ/နန္ဒသူ), ကြယ်နီ, ခင်ဆွေဦး, စစ်ကိုင်း ဦးဘိုးသင်း |

ကျီးသဲလေးထပ်ဆရာတော်
အမည်ရင်းမှာ မောင်ကင်းဖြစ်ပြီး၊ အဖ ခုံတော် ဦးအောင်မင်း၊ အမိ ဒေါ်ဂျမ်းပုံတို့မှ သက္ကရာဇ် ၁၁၇၉ ခုနှစ်၊ သီတင်း ကျွတ် လပြည့်ကျော် ၈ ရက်၊ ကြာသပတေးနေ့တွင် ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ကျီးသဲရွာ၊ ရှမ်းတန်းလေး ရပ်၌ ဖွားမြင်သည်။ ဘွဲ့အမည်မှာ အရှင်မုနိန္ဒာဘိဓဇဖြစ်ပြီး၊ ကျီးသဲရွာ၊ သစ်နီတောတိုက်ဆရာတော် ဦးပညာ သာမိထံတွင် ပညာဆည်းပူးသည်။ဘွဲ့အမည်မှာ အရှင်မုနိန္ဒာဘိဓဇ ဖြစ်ပြီး၊ ကျီးသဲရွာ၊ သစ်နီတောတိုက်ဆရာတော် ဦးပညာ သာမိထံတွင် ပညာဆည်းပူးသည်။ ထို့နောက် ရှင်သာမဏေဘဝသို့ ရောက်ကာ “မဟာသာရပျို့” ကို ရေးသားတော် မူသည်။ မဟာသာရပျို့ကို ရေးစွမ်း နိုင်သောကြောင့် ဂိုဏ်း၊ သံဃာတော်အများက “အဘိဓဇ”ဟူသောဘွဲ့ကို ထပ်လောင်းချီးမြှင့်ရာ ကိုရင် “မုနိန္ဒာဘိဓဇ” ဖြစ်လာသည်။ ထို့နောက် ရွှေတောင်သို့ ကြွရောက်၍ ပိဋကတ်စာပေများကို သင်ယူသည်။ အသက် ၂၀ ပြည့်သောအခါ ရဟန်း အဖြစ်သို့ရောက်ရှိပြီး ဘွဲ့မှာလည်း “အရှင်မုနိန္ဒာဘိဓဇ” ပင် ဖြစ်သည်။ ရဟန်းဘဝတွင် မန္တလေး သို့ကြွရောက်၍ မောင်းထောင်သာသနာ ပိုင်ဆရာတော်၊ မိတ်္ထီလာဆရာတော်၊ ခင်မကန်ဆရာတော်၊ ရွှေတိုက်ဝန်ဆရာတော် အစရှိသောဆရာတော်များထံ တွင် ပိဋကတ်များနှင့် လောကီ ကျမ်းတို့ကို ဆည်းပူးတော်မူသည်။ လောကီ၊ လောကုတ္တရာစာများ တတ်မြောက်ပြီး ၁၂၅၅ ခုနှစ်တွင် ဟင်္သာတ မြို့သို့ ကြွရောက်သီတင်းသုံးတော်မူပြီးနောက် ရွှေတောင်မြို့ ပြန်ကြွကာ ပိဋကတ်စာပေများကို ဆက် လက်ဆည်းပူးသည်။
သာသနာသက္ကရာဇ် ၂၁၈၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၀၆ ခုနှစ်တွင် “မဟာမင်းလှခေါင် ကျော်ထင် နော်ရထာ”ဘွဲ့ခံ အမတ်ကြီး ဦးမှုံဆောက်လုပ်လှူဒါန်းသော ကျီးသဲရွာအရှေ့ဘက်မျက်နှာ တွင်ရှိ လေးထပ်ကျောင်း ကြီးကို အလှူခံတော်မူ၍ တပည့်တု့ိအား စာပေပို့ချသည်။ ရသမျှသော အားလပ်ချိန်တို့၌ ကျမ်းစာရေးရေးသည်။ အနယ်နယ်အရပ်ရပ်မှ မေးလျှောက်သောပုစ္ဆာများကို ဖြေကြားသည်။
ဘုံလေးဆင့်ရှိသည်အစွဲပြု၍ လေးထပ်ကျောင်းဟု သမုတ်သောကျောင်းတော်ကြီး၌ သီတင်း သုံးသည်ကို အကြောင်းပြုပြီး ကျီးသဲလေးထပ်ဆရာတော်”ဟု ခေါ်ဝေါ်သမုတ်ကြသည်။ ထို့နောက် ဆရာတော်ကြီးသည် ရွှေ တောင်မြို့သို့ ပြန်လည်ပြောင်းရွှေ့လာကာ ဗိုလ်ရုံကျောင်းတိုက်သစ်ကို တည်ဆောက်၍ စာသင်တပည့်တို့အား တစ်နေ့လျှင် စာဝါလေးဝါ၊ ငါးဝါပို့ချခဲ့သည်။
ထို့နောက် ဆရာတော်သည် ရွှေတောင်မြို့၊ ဗိုလ်ရုံကျောင်းသို့ ပြန်လည်ကြွလာပြီး သီတင်းသုံး တော်မူနေစဉ် သက်တော် (၇၇)၊ ဝါတော် (၅၇)ဝါ၊ သက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် ဘဝနတ်ထံပျံလွန် တော်မူသည်။

ကျော်ဇေယျာ (ပုသိမ်)
အမည်ရင်းမှာ ဦးကျော်စိန် ဖြစ်ပြီး၊ ကလောင်အမည်ခွဲမှာ ကျော်သိပ္ပံ ဖြစ်သည်။ အဖ အခွန်ဝန် ဦးစော၊အမိ ဒေါ်ညီမ ဒေါ်ညီမတို့က ၁၉၃၅ ခုနှစ် ပုသိမ်မြို့၌ မွေးဖွားသည်။ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကြေးတိုင်နှင့်မြေစာရင်းဌာနသို့ လုပ်သင်လက်ထောက်လယ်ဝန်အဖြစ် အမှု ထမ်းပြီး ၁၉၆၄ ခုနှစ်မှစ၍ မြိတ်၊ ဟင်္သာတ၊ ပဲခူး၊ ပုသိမ်ခရိုင်တို့တွင် လယ်ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ပုသိမ်အနောက် ဦးဌာနမှူးအဖြစ် တာဝန် ထမ်းဆောင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၈ ခုနစ်တွင် ဧရာဝတီတိုင်း ပြည်သူ့ ကောင် စီဝင်အဖြစ် ရွေးချယ်ခံခဲ့ရ ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ် သက်တမ်းများတွင် ဧရာဝတီတိုင်း ပြည့်သူ့ကောင်စီ တရားသူကြီး အဖွဲ့ဝင် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ထို့နောက် ကြေးတိုင်နှင့် မြေစာရင်း ဌာန၊ တိုင်းမြေစာရင်းဦးစီး ဌာနမှူးအဖြစ်နှင့် သက်ပြည့် အငြိမ်းစားယူခဲ့သည်။
သူရေးသားပြုစုခဲ့သော စာအုပ်များအနက် ခေါင်းဆောင်ဟူသည်(၁၉၇၆)၊ နပိုလီယန်၏ ချစ်ဦး သူ ဒေစီရေး(၁၉၇၈)၊ နေမင်း ၁၀၀၀ သာသည့်နှယ်(၁၉၈၉)၊ ခေတ်သုံးသိပ္ပံဝေါဟာရများ(၁၉၉၆)၊ စကားပြောသော ကိုယ်တွင်း အင်္ဂါများ(၁၉၉၉)၊ အချိန်၏သမိုင်းအကျဉ်း(ဇွန် ၂၀၀၀)၊ မမှား သို့သော် မမှန်(သြဂုတ် ၂၀၀၀)နှင့် အသက် ၅၀ ကျော် လျှင်(၂၀၀၀)တို့မှာ ထင်ရှားသည်။ စာနယ်ဇင်းများတွင် သိပ္ပံ၊ သုတ၊ ရသနှင့် စာတမ်းငယ်ပုဒ်ရေ ၆၀၀ ကျော် ပြန်ဆိုပြုစုခဲ့သည်။ “ကျော်သိပ္ပံ” အမည် ဖြင့်လည်း ရေးသားသည်။
၁၉၉၉ ခုနှစ်တွင် “စကားပြောသော ကိုယ်တွင်းအင်္ဂါများ” ဖြင့် အမျိုးသားဘာသာပြန်(သုတ) စာပေဆု ရရှိသည်။ ဤစာအုပ်သည် လူတို့ကိုယ်တွင်းမှ အရေးပါသော အစိတ်အပိုင်းများ အကြောင်းကို သာမန်လူတို့ နားလည်နိုင်သော အရေးအသားဖြင့် တင်ပြထားသော စာအုပ်ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်တွင် ကွယ်လွန်သည်။

ကြပ်ကလေး (သက်လုံ/နန္ဒသူ)
အဖ ဦးအုန်းသောင်း၊ အမိ ဒေါ်အေးတင့်တို့မှ ၁၉၂၇ ခုနှစ် သြဂုတ်လ ၂၆ ရက် သောကြာ နေ့တွင် ရန်ကုန်၊ အင်းစိန် မြို့၌ မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် အငယ်ဆုံးဖြစ်ပြီး အမည်ရင်းမှာ ဦးသောင်း တင် ဖြစ်သည်။ ကလောင်အမည်ခွဲများမှာ သက်လုံ၊ နန္ဒသူတို့ဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင် အင်းစိန်မြူနီစီပယ် ကျောင်း၊ အင်စိန် စိန့်အင်ဒရူးအလွတ်ပညာသင် ကျောင်းတို့တွင် မူလတန်း ပညာသင်ကြားခဲ့ပြီး အင်းစိန် ၊ အစိုးရ အထက် တန်း ကျောင်းတွင် ၆ တန်း အထိ ပညာသင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်သည်။ ၁၉၄၆-၄၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ယူပြီး ၁၉၅၀-၅၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၃၂ ခုနှစ်တွင် အင်းစိန်မြူနီစီပယ် ကျောင်း၊ အင်စိန် စိန့်အင်ဒရူးအလွတ်ပညာသင် ကျောင်းတို့တွင် မူလတန်း ပညာသင်ကြားခဲ့ပြီး အင်းစိန်၊ အစိုးရအထက်တန်းကျောင်းတွင် ၆ တန်း အထိ ပညာသင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်သည်။ ၁၉၄၆-၄၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ယူပြီး ၁၉၅၀-၅၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၅၁ ခုနှစ်တွင် ငွေစာရင်း မင်းကြီးရုံး၌ အလုပ်သင်ရုံးအုပ်၊ ၁၉၅၄ ခုနှစ်၌ အမြဲတမ်းရုံးအုပ်၊ ၁၉၅၅-၅၈ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ် ညွှန်ကြားရေးဝန်ရုံး၌ အထက်တန်းစာရင်း စစ်၊ ၁၉၅၉ ခုနှစ် ငွေစာရင်းမင်းကြီးရုံး ရုံးအုပ် ပြန်လုပ် သည်။ ၁၉၆၀ ပြည့်နှစ်တွင် လက်ထောက် ငွေစာရင်းမင်းကြီး၊ ၁၉၇၁ ခုနှစ်တွင် တော်လှန်ရေးကောင်စီ၏ အတိုင်ပင်ခံအဖွဲရုံးတွင် ရုံးနှင့်ငွေစာ ရင်းကြီးကြပ်ရေးမှူး၊ ၁၉၇၄ ခုနှစ်၌ နိုင်ငံတော်ကောင်စီရုံးတွင် ဌာနခွဲမှူး ၁၉၈၁ ခုနှစ်တွင် လက် ထောက်ညွှန်ကြားရေးမှူး၊ ၁၉၈၂ ခုနှစ်၌ ဒုတိယညွှန်ကြားရေးမှူးအဖြစ်အမှုထမ်းပြီး ၁၉၈၇ ခုနှစ် တွင် သက်ပြည့်ပင်စင်ယူခဲ့သည်။
၁၉၄၆ ခုနှစ် ၈တန်းပညာသင်ယူနေဆဲ ဇဝနဂျာနယ်တွင် “ကြပ်ကလေး”ကလောင်အမည်ဖြင့် ဦးလေး ကြီး ခင်ဗျား အယ်ဒီတာ ထံပေးစာရေးပြီး စာပေနယ်ထဲစတင်ဝင်ရောက်ခဲ့သည်။ “ကြပ်ကလေး” အမည်ဖြင့် ဟာသနှင့် သရော်စာများ ရေးသည်။ မဟိုဒင်း(၁၉၅၀)၊ ရွှေရည်လးတဲ့ချစ်ဦးသူ (၁၉၆၃)၊ ပြည်ပန်းညို (၁၉၆၅)၊ ပဲခူးဆား(၁၉၆၇)၊ မတစ်လုံးကြေနှင့်အခြားဝတ္ထုတိုများ (၁၉၇၁)တို့မှာ ထင်ရှားသည်။ ၁၉၅၁ ခုနှစ်တွင် သက် လုံ အမည်ဖြင့် သွေးသောက်မဂ္ဂဇင်းတွင်စတင်ရေးသားခဲ့သည်။ ဘဝအောင်မြင်ရေး၊ စိတ်နယ်လွန်၊ အတွေးအခေါ်၊ ဂန္ဓာရီနှင့် ရုပ်ရှင်ဇာတ်ညွှန်းများ ရေးခဲ့သည်။ ထို့အပြင် ရွှေရည်လူးတဲ့ ချစ်ဦးသူ(၁၉၆၃)၊ ပြည်ပန်းညို(၁၉၆၅)၊ ပဲခူးဆား(၁၉၆၇)၊ မတစ်လုံးကြေးနှင့် အခြားဝတ္ထုများ (၁၉၇၁)၊ စေ့ထားသောတံခါးများ (၁၉၈၁)၊ သော့ချက် ၃၈ ချောင်း (၁၉၈၆)၊ မနောတွင်းမှ အလင်းရောင် (၁၉၉၃)၊ ဂန္ဓရီအလွှာမှ မှတ်တမ်းများ(၁၉၉၄)၊ ဘဝအောင်မြင်ရေး၊ ကျန်းမာပျော် ရွှင်မှုနှင့်စိတ်စွမ်းအင်(၁၉၉၆)၊ စီးပွားရေးဖုန်းရွှေ(၁၉၉၉)၊ တရုတ်ပညာရှိကြီးမိန်း ရှပ်(၂၀၀၂)တို့မှာ ထင်ရှားသည်။ “တစ်ဝက်နှင့်တစ်ခြမ်း”၊ “တစ်ကျော့နှစ် ကျော့တေး ကိုသီ”နှင့် “ဗွေသီဟာ” ရုပ်ရှင်ဇာတ်ညွှန်းများရေးခဲ့သည်။
“နန္ဒသူ” ကလောင်အမည်နှင့်မူသမိုင်းနောက်ခံဝတ္ထုများနှင့် ဘာသာပြန်ဝတ္ထုများ ရေးခဲ့ သည်။ နှင်းပွင့်တိုင်းပြည်(၁၉၆၉)၊ ဟယ်ရီပေါ့တာနှင့်ပြဒါးရှင်(၂၀၀၂)ဘာသာပြန်များ၊ တာရာဒေဝီ (၁၉၇၄)၊ နှလုံးသားခြေရာ (၁၉၇၆)သမိုင်းနောက်ခံဝတ္ထုတို့မှာ ထင်ရှားသည်။ကလောင်ခွဲပေါင်းများစွာဖြင့် စာအမျိုးမျိုးရေးခဲ့သည်။
၂၀၀၃ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန် ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်ကွက်၊ ယုဇနလမ်း နေအိမ်၌ ကွယ်လွန်သည်။

ကြယ်နီ
အဖ ဦးပိ၊ အမိ ဒေါ်စောမြတို့မှ ဓနုဖြူမြို့နယ်၊ ဧရာဝတီတိုင်း၊ ဗျင်းတွဲရွာ၌ ၁၉၂၂ ခုနှစ်တွင် မွေးဖွားသည်။ မွေးချင်း ငါးယောက်အနက် ဒုတိယသားဖြစ်သည်။ အမည်ရင်းမှာ ဦးမြင့်ဆွေဖြစ်သည်။ ပထမလတ်တန်းနှင့် တရုတ်စာ တစ်ဆယ့်သုံးတန်းအောင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ထုတ် ရှုမဝရုပ်စုံ မဂ္ဂဇင်း အမှတ် (၃၅) တွင် ပါသည့် “ကိုတံငါ”ဝတ္ထုမှာ ရေလုပ်သား ဘဝသရုပ်ဖော် ဝတ္ထုတိုပေါင်း (၁၆)ပုဒ်၊ မြစ်ဝကျွန်းပေါ် တံငါလုပ်သားဘ၀ သရုပ်ဖော်ဝတ္ထု (၄) ပုဒ် စုစုပေါင်း (၂၀) ပုဒ် ရေးသားခဲ့သည်။ ရေလုပ် သားတံငါ သည် များအကြောင်း ပထမဆုံးနှင့် အစဉ်တစိုက်ရေးဖွဲ့ခဲ့သည့် စာရေးဆရာတစ်ဦးဖြစ်သည်။ ၁၉၅၀ ပြည့်မှ ၁၉၅၃ ခုနှစ်အထိ ရှုမဝ၊ မြဝတီ၊ စာပေဗိမာန်မဂ္ဂဇင်း၊ လင်းယုန်ဂျာနယ်နှင့် သတင်းစုံဂျာနယ်တွင် ကလောင်အမည် ရင်းဖြင့် ကလောင်ခွဲ “ပွင့်သစ်”၊ မြန်မာ့ကျေး လက်စရိုက်ဘဝ၊ ဓလေ့ထုံးတမ်း၊ ခေတ်ပြိုင်ခံစားမှု၊ ရေမြေသဘာဝရှုခင်းနှင့် မြို့နေပွဲစားတို့၏ အမြီးအမောက်မတည့်မှု ကို သရော်လှော် ပြောင်သည့် ဝတ္ထုတို (၁၄) ပုဒ်ခန့် ရေးခဲ့သည်။ ၁၉၅၄ မှ ၁၉၅၆ ခုနစ်အထိ ရှုမ၀ မဂ္ဂဇင်းတွင် တရုတ်စာပေ၊ ပညာရှင်များ၏ အတ္ထုပ္ပတ္တိနှင့် တရုတ်ဝတ္ထု (၉) ပုဒ်ခန့်ကိုလည်း ဘာသာ ပြန်ခဲ့သည်။ ရေးသားခဲ့သောဝတ္ထုတိုများကို စုပေါင်း၍ ကိုတံငါ(၁၉၆၄)နှင့် ကြယ်နီ၏ဝတ္ထုတိုပေါင်း ချုပ်(၂၀၀၁)ကို ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် စိတ်ရောဂါဝေဒနာကြောင့် စာရေးခြင်းမှနားခဲ့ သည်။
၁၉၇၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်၊ စနေနေ့ နံနက် ၆ နာရီအချိန် တွင် ဓနုဖြူနေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။

ခင်ဆွေဦး
အမည်ရင်းမှာ ခင်ဆွေဦးပင်ဖြစ်ပြီး အဖ စာရေးဆရာကြီး မဟာဆွေ၊ အမိ ဒေါ်ကြည်ကြည် တို့မှ ၁၉၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိသည့် အနက် အကြီးဆုံးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး B.A, B.Ed ကို ဘွဲ့ရရှိခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုစိန်သန်း လက်ထပ်ခဲ့ပြီး သမီးတစ်ယောက် မွေးဖွားခဲ့သည်။ ၁၉၄၆ ခုနှစ်၊ အသက် ၁၂ နှစ်ခွဲလောက်အချိန်မှ သံတော်ဆင့် သတင်းစာ တွင် ဝတ္ထုတို ဆောင်းပါးများရေးသားခြင်းဖြင့် စာပေလောကကို ဝင်ရောက်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၊ မေလတွင် ရှုမဝမဂ္ဂဇင်း၌ ကလေးတို့စာပေဆောင်းပါးဖြင့် မဂ္ဂဇင်းများ၌ စတင်ရေးသားသည်။ ၎င်းအပြင် “ခေတ်”(မြဝတီ)နှင့်“ ကျောက်ရိုင်းလေးများ”(ငွေတာရီ)၊ “အမျိုးသားစိတ်”(ရှုမဝ)၀တ္ထုတိုများကို ရေဒီ ယိုအသံလွှင့် ဇာတ်လမ်း အဖြစ် ထုတ်လွှင့်ပြီး၊ “ဖြူဖြူဖွေးဖွေး”ဝတ္ထုတို (ငွေတာရီ)ကို M.M.T ကလည်း ကောင်း အင်္ဂလိပ်လုပ်သား နေ့စဉ် သတင်းစာတွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။

စစ်ကိုင်း ဦးဘိုးသင်း
အဖ ဦးဘဦး၊ အမိ ဒေါ်ရွှေအိတ်တို့မှ သရက်ခရိုင်၊ မင်းတုန်းမြို့၊ မြို့သစ်ကုန်း အရှေ့ပိုင်း ၁၈၉၀ ခုနှစ်တွင် မွေးဖွား ခဲ့သည်။ မွေးချင်း သားသုံး ယောက်တွင် ဦးဘိုးသင်းသည် ဒုတိယသားဖြစ် သည်။ အမည်ရင်းမှာ ဦးဘိုးသင်း ဖြစ်သည်။ အသက် ၁၉ နှစ်အရွယ်ကစ၍ စာပေလောကထဲဝင် ရောက်ခဲ့သည်။ စစ်ကိုင်းဒေသတွင် အတည်တကျနေထိုင် သောကြောင့် စစ်ကိုင်းဦးဘိုးသင်းဟု လူသိများခဲ့သည်။
တပည့်များ၏ တိုက်တွန်းချက်အရ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ရေးသားခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် စာပေဗိမာန်ကထုတ်ဝေခဲ့သည်။ စာအုပ်တွင် ငယ်စဉ်ဘဝမှ စစ်ပြီးကာလအထိ ပါဝင်ခဲ့သည်။
ဆရာကြီးဦးဘိုးသင်းသည် ၁၀-၁၂-၁၉၇၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။