မိမိကျွမ်းကျင်မှုနှင့် သင်ကြားခဲ့ရသည့် ပညာရပ်များလွဲချော်နေသည့်ပညာရေးစနစ်ကိုထောက်ပြထားပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အသက်မွေးကျောင်းမှုပညာဖြင့် ကြီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်မှသာ ‘တကယ့်လူ’ ဖြစ်ကြောင်းလမ်းညွှန်ပြသထားသော ကာလပေါ်ဝတ္ထုကြီးဖြစ်သည်။ လူအထင်မကြီးသော်လည်း မိမိ ကျွမ်းကျင်သည့် လုပ်ငန်းဖြင့် မြို့မျက်နှာဖုံးသူဌေးတစ်ယောက်ဖြစ်အောင်လုပ်ပြခဲ့သည့် လိပ်မီး သို့မဟုတ် မောင်မင်း၊ လိပ်မီး၏ တိုက်တွန်း ဖေးမမှုဖြင့် စက်မှုလုပ်ငန်းကို ထူထောင်နိုင်ခဲ့သူ ဘသိန်း၊ သွက်လက်ချက်ချာ၍ အမြင်ကျယ်သော မိန်းကလေး သော်သော် တို့ဖြင့် ဇာတ်အိမ်တည်ဆောက် ရေးဖွဲ့ထားသည်။
တကယ့်လူ
2,000 Ks
စာမျက်နှာ | ၂၁၆ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၈ ခု၊ ဇန်နဝါရီလ ဒုတိယအကြိမ် (စန္ဒာဝင်းစာပေ၏ ပထမအကြိမ်မူ) |