၁၉၄၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်းရေးသားခဲ့သည့် စာပေဆောင်းပါး ၁၇ ပုဒ်ကို စုစည်းထားခြင်းဖြစ်သည်။ ဆရာမောင်ထင်သည် စာပေရေးရာနှင့် ပတ်သက်၍ နိုင်ငံစုံ ကမ္ဘာ့စာပေအညွှန်းများနှင့် စာပေဆောင်းပါးများ စာအုပ်တို့ကို ရေးသားပေးခဲ့သူဖြစ်သည်။ ဤစာအုပ်တွင် ပုဂံခေတ်ဦးစာပေအရေးအသားမှစ၍ ယနေ့ခေတ်အထိပြောင်းလဲလာသော စာပေအရေးအသားများနှင့်ပတ်သက်၍ပြုစုတင်ပြထားခဲ့သော သတင်းစာဆောင်းပါးများလည်း ပါဝင်သည်။
စာအုပ်နှင့် စာ
2,000 Ks
စာမျက်နှာ | ၁၅၅ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၇ ခု၊ မေလ ဒုတိယအကြိမ်(၂၀၁၆၊ မြစ်ကွေ့စာအုပ်တိုက်၏ ပထမအကြိမ်မူကို အနည်းငယ်ပြင်ဆင်ရိုက်နှိပ်သည်။ |