နေညိုညို

2,000 Ks

၁၉၂၀ ပြည့်နှစ်က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် နေညိုညို ဝတ္တုသည် ယနေ့အချိန်တွင် ရာပြည့်ဝတ္တုအဖြစ် မှတ်တမ်းတင်ရတော့မည့် ဝတ္ထုဖြစ်သည်။ ယနေ့စာပေလောက၏ ရေးဖွဲ့မှုပုံ သဏ္ဌာန်ကို အစပျိုးပေးခဲ့သော ဝတ္ထုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ဆရာကြီးပီမိုးနင်း၏စာပေဘဝအစတွင် မောင်ကျော် ပိုက်ဆံကြီး စသည့်ကလောင်အမည်များဖြင့်ရေးသားခဲ့ပြီး ပိုက်ဆံကြီး ဟူသောကလောင်ကို ပညာအလင်းသတင်းစာတိုက်မှ တိုက်ပိုင်အဖြစ်သိမ်းယူသွားသည့်နောက်တွင် ပီမိုးနင်း အမည်ဖြင့်ဆက်လက်ရေးသားရာ ‘နေညိုညို’ သည် ပီမိုးနင်းကလောင်အမည်ဖြင့် ရှေးဦးထွက်ခဲ့သည့် ဝတ္ထုများတွင် ပါဝင်လေသည်။

စာမျက်နှာ

၂၃၉ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၇ ခု၊ ဇန်နဝါရီလ ပြန်လည်ရိုက်နှိပ်ခြင်း