ဝတ္ထုလတ်များပေါင်းချုပ်

10,000 Ks

ဆရာကြီးဒဂုန်တာရာဧ။် အကျော်ကြားဆုံး လူကြိုက်အများဆုံးဖြစ်သည့် ‘မေ’ အပါအဝင် ဝတ္တုလတ်နှင့် မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည် လက်ရာ ၁၄ ပုဒ်ကို စုစည်းထားခြင်းဖြစ်သည်။ ဆရာကြီး ရေးသားခဲ့သော ဝတ္ထုတိုလက်ရာများနှင့် “တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ” စသည့် ဝတ္ထုရှည်ကြီးများမှ အပဖြစ်သော ဝတ္ထုလက်ရာများ ဖြစ်ပါသည်။ ထိုဝတ္တုများထဲတွင် ဆရာကြီး ဒဂုန်တာရာ၏ ပင်ကိုယ်ရေး ဝတ္တုများ သာမက ချက်ကော့ဗ် နှင့် ဆက်မားဆက်မွန်တို့ ဧ။် ဝတ္တုများကို ဘာသာပြန် (အမှီး) အဖြစ်ရေးသားထားသည့် ထင်ရှားသော ဝတ္တုများလည်း ပါဝင်ပါသည်။ ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာ၏ ၂၀၁၉ တွင် ကျရောက်မည့် ရာပြည့်ပွဲတွင် ဆရာကြီး၏ စာအုပ်များကို အတတ်နိုင်ဆုံး အပြည့်အစုံ ထွက်ရှိရန် စတင်စီစဉ်နေကြခြင်းလည်း ဖြစ်ပါသည်။

စာမျက်နှာ

၁၀၂၈ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၇ ခု၊ ဇန်နဝါရီလ ပထမအကြိမ်