ဝတ္ထုတိုပေါင်းချုပ် – ၃

3,300 Ks

ဆရာဗန်းမော်တင်အောင်၏ ဝတ္တုတိုပေါင်းချုပ် ၁ နှင့် ၂ ကို စိတ်ကူးချိုချို စာပေမှ ထုတ်ဝေပြီး ဖြစ်သော်လည်း ကျန်ရှိနေသေးသည့် စာမူများကို စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးကာ ဆက်လက်ထုတ်ဝေခဲ့ရာ ထပ်မံစုဆောင်းရရှိသည့် ဝတ္တုတို ၂၂ ပုဒ်ကို စုစည်း၍ အတွဲအမှတ် ၃ အဖြစ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ထိုဝတ္တုတို ၂၂ ပုဒ်တွင် ‘ပုဂံဧ။်ဝတ္ထုဟောင်း’နှင့် ‘ပြည်တော်သာကျွန်း စစ်ပွဲ’ တို့တွင် ပုဂံရာဇဝင်ကို ခေတ်ပေါ်အရေးအသားများဖြင့်ရေးဖွဲ့ထာပြီး ‘ထားခင်ခင်’နှင့်’ဆိုရှယ်လစ်သမ္မတနိုင်ငံတော်မှ ရှင်ဘုရင်တစ်ပါး’ တို့ကို ပါလီခေတ် အစိုးရ၏ မှားယွင်းနေသော အုပ်ချုပ်ပုံစနစ်ကို ဝေဖန်ထောက်ပြကာ ရေးဖွဲ့ထားသည်။ ‘နင်းပြား’ နှင့် ‘ရက်စက်ပါပေ့ကွယ်’ ဝတ္တုတို့တွင် ဘဝ ရပ်တည်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသည့် လူမှုဘဝများအကြောင်းကို လက်စွမ်းပြရေးဖွဲ့ထားသည်ကိုတွေ့ရသည်။
ဗန်းမော်တင်အောင် ဝတ္တုတိုများ အတွဲ ၃တွင် ‘ဗြူရိုကရက်’ တစ်ပုဒ်သာ ဘာသာပြန်အဖြစ်ပါဝင်ပြီး ကျန်ဝတ္တုများမှာ ပင်ကိုယ်ရေးသာဖြစ်ကြသည်။

စာမျက်နှာ

၃၀၀ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၇ ခု၊ ဇန်နဝါရီလ ပထမအကြိမ်