မြန်မာဝတ္ထုအညွှန်းပေါင်းချုပ်

1,200 Ks

ဆရာနတ်နွယ် နှင့် ဆရာမင်းကျော်တို့ဧ။် နှစ်ယောက်တွဲကလောင်ဖြင့် ပြုစုထားသည့် မြန်မာဝတ္တု အညွှန်းပေါင်းချုပ်ဖြစ်သည်။၁၉၆၇ ခုနှစ်တွင် စတင်ပြုစုခဲ့ပြီး ဆရာမင်းကျော်ကွယ်လွန်သည့် ၁၉၉၁ ခုနှစ်ထိ အညွှန်း ၁၁၇ ပုဒ်ကို အတွဲခြောက်တွဲ ခွဲ၍ ထုတ်ဝေထားပြီးဖြစ်သည်။မဂ္ဂဇင်းများတွင်ပါဝင်ပြီးဖြစ်သော်လည်းမထုတ်ဝေရသေးသည့် အညွှန်းစာမူ ငါးပုဒ်နှင့်ဆရာမင်းကျော်ဧ။် လက်ရေးမူတစ်ပုဒ်အပြင် ၂၀ရာစု ကုန်ဆုံးချိန်ထိ ထပ်မံဖြည့်စွက်ရေးသားသည့် အညွှန်းစာမူ စုစုပေါင်း ၁၂၇ ပုဒ်ကို စုစည်းကာ ထုတ်ဝေထားခြင်းဖြစ်သည်။ ရှင်မဟာသီလဝံသ (၁၄၅၃-၁၅၁၈) ရေးသားသည့် ပါရာယနဝတ္တုမှစတင်ကာ ဝင်းဝင်းလတ် (၁၉၅၁ – ၂၀၀၆ ) ရေးသားသည့် အချက်ဧ။် နောက်ဆက်တွဲ စာမျက်နှာ အထိညွှန်းဆိုထား၍ မြန်မာစာပေလောကတွင် ပြီးပြည့်စုံသည် ဟုဆိုနိုင်သည့် အညွှန်းပေါင်းချုပ်ဖြစ်သည်။

စာမျက်နှာ

၉၃၂ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၇ ခု၊ ဖေဖော်ဝါရီလ တတိယအကြိမ်