နောက်တိုး

4,000 Ks

ငွေရှင်ကြေးရှင်လယ်ပိုင်ရှင်တို့ဧ။် ထုံးစံအတိုင်းမြေးဖြစ်သူကို စိတ်ကြိုက်ပုံစံသွင်ရင်း မလွန်ဆန်ဝံ့သူ ဝန်ထောက်မင်းနှင့် ချစ်သူအတွက် ဘဝကိုစတေးခဲ့သော အငြိမ့်သမလေးဧ။်သား ‘နောက်တိုး’ ကို အခြေပြု၍ ဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်သော်လည်း မူလဇာတ်ကောင်ကို ဇာတ်ရံများက ပုံဖော်ပြရင်းဖြင့် မူလဇာတ်ကောင်ကို အသက်သွင်းထားသည့်ရေးဟန်က စွဲမက်စရာဖြစ်သည်။
ပရိသတ် စိတ်ဝင်စားမှုနည်းပါးလာသည့် မြန်မာ့ဇာတ်သဘင်လောက နှင့် မြန်မာ့ရိုးရာဆိုင်းအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ရေးဖွဲ့ထားနိုင်ခြင်းကလည်းနောက်တိုး ဝတ္တုဧ။် ထူးခြားချက်တစ်ခုဖြစ်သည်။ဇာတ်လမ်းစတင်သည့် ၁၉၃၀ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဖြစ်ရပ်များကို သွက်သွက်လက်လက်ဖြင့် ရေးဖွဲ့ထားပြီး မြန်မာစာပေလောကတွင်ရှားပါးသည့် ရေးဖွဲ့ပုံကိုအားပြုရေးဖွဲ့ထားခြင်းကြောင့် ၁၉၇၈ ခုနှစ်တွင် အမျိုးသား စာပေဝတ္တုရှည်ဆု ရရှိခဲ့သည့် ဝတ္တုလည်းဖြစ်ပြီး နိုဘယ်မြန်မာ ရသ စာပေပွဲတော်တွင်လည်း အကောင်းဆုံး ဝတ္တု ၁၀၀ စာရင်းတွင်လည်း ထည့်သွင်းထားသည်။

စာမျက်နှာ

၃၆၄ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၇ ခု၊ ဇန်နဝါရီလ တတိယအကြိမ်