မြိုင်

6,500 Ks

ဆရာဗန်းမော်တင်အောင်ဧ။် နာမည်ကြီးဝတ္တု တစ်ပုဒ်ဖြစ်သည်။ ပါလီမန် ဒီမိုကရေခေတ်တွင် လွတ်လပ်စွာ ရေးသားဖော်ပြရင်းက ထောင်ဒဏ်လေးနှစ် ကျခံနေရသည့် ကာလအတွင်း ရေးသားခဲ့သောစာမူဖြစ်သည်။ လွတ်လပ်ရေး ရပြီးခေတ်အထိ ကိုလိုနီအငွေ့အသက်မကုန်သေးသည့် အထက်တန်းလွှာတွင် မွေးဖွားလာသော ‘မြိုင်’ ဆိုသည့် မိန်ကလေးနှင့် လက်ဝဲယိမ်းသတင်းစာဆရာ ‘ကိုတင်ဦး’ တို့အကြောင်းကို ဇာတ်လမ်းဖွဲ့ကာ ခေတ်ကာလ လူအဖွဲ့စည်းဧ။် အတွင်းရေးများကို ဖွင့်ချရေးသားထားသည် ကိုတွေ့ရသည်။
စိတ်ကူးယဉ်ဆန်သည့် အချစ်ရေးနှင့် အိမ်ထောင်သည်ဘဝတွင်ကြုံတွေ့ ရတတ်သည့် အခက်အခဲများကိုလည်း လှပစွာချယ်မှုန်းထားသလို ဒုတိယကမ္ဘာစစ်အပြီး လူကြိုက်များခဲ့သည့်လက်ဝဲဝါဒနှင့် ပတ်သက်သည့် အယူအဆတချို့ကို ထည့်သွင်းရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

စာမျက်နှာ

၅၆၄ မျက်နှာ

ပုံနှိပ်မှတ်တမ်း

ပြန်လည်ရိုက်နှိပ်ခြင်း