တစ်မိုးသောက်သော်

2,500 Ks

နိုဘယ်မြန်မာစာပေပွဲတော်မှ ရွေးချယ်ခဲ့သည့် အကောင်းဆုံး ရသဝတ္တု စာရင်းတွင်ပါဝင်ခဲ့သော စာအုပ်ဖြစ်သည်။မူလက မဂ္ဂဇင်းဝတ္တုရှည် အဖြစ် အပိုင်းလေးပိုင်းခွဲ၍ ဖော်ပြခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ပထမ အကြိမ်ထုတ်ဝေခဲ့သည်။စာရေးသူကိုယ်တိုင်ဖြတ်သန်းခဲ့ရသည့် တော်လှန်ရေးကာလကို နောက်ခံထား၍ ကလောင်သွား သွက်သွက်လက်လက်ဖြင့်ရေးသားထားသည်။မြန်မာနိုင်ငံအတွက်မဖြစ်မနေလိုအပ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်းဖော်ဆောင်ပေးနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ရုပ်ရှင်ဇတ်ကားအဖြစ် ဖန်တီးပြသရာတွင်လည်း လူကြိုက်များခဲ့သည်ဟုသိရသည်။ထို့အပြင်ဇာတ်ကောင်အဖြစ်ဖော်ပြထားသည့် မေဂျာဖေမြင့် ခင်စောမူ ဗိုလ်မှူး မြဖေ ဗိုလ်စံလှ ဆရာသာကျော် နော်အယ်လာတို့မှာ တကယ့်သက်ရှိများဖြစ်၍ နေရာ ဒေသ သာလျှင်ကွဲပြားကြောင်း ဝန်ခံရေးသားထား သည်ကို တွေ့ရသည်။

စာမျက်နှာ

၂၉၁ မျက်နှာ

ပုံနှိပ်မှတ်တမ်း

ပြန်လည်ရိုက်နှိပ်ခြင်း