မြန်မာပြည်မြောက်ပိုင်း

10,000 Ks

ဆရာနတ်နွယ်၏ အောင်မြင်ကျော်ကြားလှသည့် သမိုင်းနောက်ခံဂန္ထဝင်ဝတ္ထုကြီးဖြစ်ပါသည်။ ယခင် ထုတ်ဝေခဲ့သမျှ အပိုင်း(၁၊ ၂) အပါအဝင် ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးသော အပိုင်း(၃)ကိုပါ ဖြည့်စွက် ထုတ်ဝေခြင်းဖြစ်သည်။ဤစာအုပ်သည် တိုင်းရင်းသားလူမျိုးများ၏ လူမှုအဆောက်အအုံဖြစ်ပေါ်ပြောင်းလဲမှုများကို မော်ကွန်း တင်ထားပြီး မြန်မာပြည်အထက်ပိုင်းသားတို့၏ ၁၈၈၄ ခုနှစ် ပဒေသရာဇ်ဆန့်ကျင်ရေးတိုက်ပွဲ ၁၈၈၈ ခုနှစ် နယ်ချဲ့ဆန့်ကျင်ရေး၊ မိုးကောင်းတိုက်ပွဲ၊ မုတ်နောက်တိုက်ပွဲ၊ မိုးကောင်းမြစ်ရိုး လမ်းဖြတ်တိုက်ပွဲ၊ ဆဒုံးတိုက်ပွဲ၊ ရွှေဘိုတိုက်ပွဲ၊ ရှိမ်းမကားတိုက်ပွဲ၊ ဗန်းမော်တိုက်ပွဲ၊ ကောလင်းတိုက်ပွဲ၊ မှန်ကင်းတောင် တိုက်ပွဲ၊ ကျိုင်းခွင်တိုက်ပွဲ စသည့် နောက်ခံအကြောင်းအရာများနှင့်အတူ ဇာတ်ကောင်တို့၏ အဖြစ်အပျက် များကိုပါ ရင်သပ်ရှုမောခံစားရမည့်ဝတ္ထုကြီးဖြစ်ပါသည်။

စာမျက်နှာ

၇၇၁ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၃ ခု၊ ဒီဇင်ဘာလ ပထမအကြိမ်