ဟစ်တလာ သေ၊ မသေ

3,000 Ks

ဒုတိယကမ္ဘာစစ်မီးကိုမွှေးခဲ့သည့် ဟစ်တလာ ၁၉၄၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း မေလ ၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဟစ်တလာ သေဆုံးပြီးနောက်ပိုင်း အလောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဂျာမန် စစ်သုံ့ပန်းများက ပြောသော်လည်း နောက်ဆုံးနေထိုင်ခဲ့သည့် စစ်ဌာနချုပ်နှင့် အလောင်းမြှုပ်နှံရာနေရာများမှာ ရုရှားတို့ သိမ်းပိုက်ရရှိခဲ့သည့် နယ်မြေထဲတွင် ပါဝင်နေ၍ အနောက်နိုင်ငံများအတွက် သတင်းမှန်ရရန် ခဲယဉ်းသည်။ ထို့အပြင် ဟစ်တလာလို တန်ခိုးထွားသူတစ်ယောက်အနေဖြင့် လွယ်လွယ်အလျှော့မပေးဘဲ ကမ္ဘာ့တစ်နေရာရာတွင် ပုန်းအောင်းနေမည်ဟု ယူဆသူများရှိသည်။ ဟစ်တလာကိုတွေ့လိုက်သည် ဟူသည့် သတင်းများကလည်း ဒုတိယ ကမ္ဘာ့စစ်အပြီး နှစ်ပေါင်း ၂၀ ကြာမျှ အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ဆရာကြီးလင်းယုန်မောင်မောင်က စုဆောင်း ရရှိထားသည့် အချက်အလက်များဖြင့် ဟစ်တလာ သေ မသေ အဖြေထုတ်ပေးထားသည်။

စာမျက်နှာ

၂၃၂ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၇ ခု၊ နိုဝင်ဘာလ ပထမအကြိမ်