ဟစ်တလာ ၏ သေတမ်းစာ

2,500 Ks

နာဇီအာဏာရှင် ဟစ်တလာ မိမိကိုယ်မိမိ စစ်ရှုံးပြီဟု စတင်ယူဆသည့် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့ အတွင်း နေ့စဉ်မှတ်တမ်းသဖွယ် ရေးသားခဲ့သည့် စားပွဲဝိုင်းမိန့်ခွန်းများဖြစ်သည်။ ဟစ်တလာ၏ မိန့်ခွန်းများ ဖြစ်ကြောင်း သေချာသည်က ၎င်း၏ အယုံကြည်ရဆုံးလက်ထောက် မာတင်ဘောမန်း လက်မှတ်ရေးထိုးထားခြင်းပင် ဖြစ်သည်။ စိတ်ချရသည့် ဘဏ်တစ်ခုတွင် သိမ်းဆည်းထားပြီး ဖျောက်ခိုင်းသည့် ရှေ့နေက ဖျက်ဆီးခြင်းမပြုမီ ဓာတ်ပုံရိုက်ကူးယူထားသည့် မှတ်တမ်းများဖြစ်၍ ဟစ်တလာ သေဆုံးခါနီး နောက်ဆုံးထွက်ဆိုခဲ့သော ထွက်ချက်များဖြစ်သကဲ့သို့ နောက်ဆုံး အမှာတော်ပါးခဲ့သည့် သေတမ်းစာလည်းဖြစ်သည်။