ပျံသန်းဖို့ အိပ်မက်များ

1,300 Ks

ကိုရီးယားနိုင်ငံ၏ နာမည်ကျော်စာရေးဆရာမ ‘Sun-mi Hwang’ ရေးသားသည့် ‘The hen who dream she could fly’ဝတ္တုကိုဘာသာပြန်ထားခြင်းဖြစ်သည်။ အဆိုပါ ဝတ္ထုသည် ကမ္ဘာတစ်ဝန်း အုပ်ရေ ၂သန်းကျော် ရောင်းချခဲ့ရပြီး ကာတွန်းရုပ်ရှင်သည်လည်း ကိုရီးယားနိုင်ငံ၏ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ လှောင်အိမ်ထဲမှာမွေးဖွား လှောင်အိမ်ထဲမှာကြီးပြင်းခဲ့ ရသည့် ဥစားကြက်မလေးတစ်ကောင်၏ လွတ်လပ်စွာရှင်သန်လိုစိတ်နှင့် မိခင်ဘဝ လိုလားတပ်မက်ပုံကိုခြယ်မှုန်းပြဆိုထားသောဝတ္ထုဖြစ်သည်။

စာမျက်နှာ

၁၄၇ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၆ ခု၊ ဒီဇင်ဘာလ ပထမအကြိမ်