အန္တရာယ်ပစ်မှတ်

2,500 Ks

ပြိုင်ဘက်အင်အားကြီး ကွန်မြူနစ်နိုင်ငံကြီးတစ်နိုင်ငံကို ဂျပန်နိုင်ငံတွင် အခြေစိုက်၍ နျူကလီးယားလက်နက်ဖြင့် ဖြိုခွင်းရန်ကြံစည်သည့် အမေရိကန်ဗိုလ်မှူး တစ်ယောက်၏ မဟာလုပ်ကြံမှု၊ ထိုအကြံအစည်ကို လက်မခံဘဲ ဆန့်ကျင်ခဲ့သူ ရေတပ်ဗိုလ်ကလေးပေါ်လ်၊ ပေါ်လ်တစ်ယောက် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည်ဆိုခြင်းကို လက်မခံနိုင်သူ ပေါ်လ်ဖခင် နာမည်ကျော်စာရေးဆရာကော်မင်၊ သားဖြစ်သူ၏အကြောင်းကို ဂျပန်ပြည်ထိ လိုက်လံစုံစမ်းရာမှ မထင်မှတ်ဘဲ သိရှိလိုက်ရသော အလွန်ရက်စက်ယုတ်မာလှသည့် လုပ်ကြံမှုကြီး။ ထိုသို့ဖြင့် ကော်မင်တစ်ယောက် ထိုလုပ်ကြံမှုကြီးကို ဆန့်ကျင်ဖျက်ဆီးရာ၌ ကြုံတွေ့ရသော သည်းထိတ်ရင်ဖိုစရာများကို ရေးဖွဲ့ထားပါသည်။

စာမျက်နှာ

၂၉၃ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ မေလ ဒုတိယအကြိမ်