ချစ်လူဆိုး

5,000 Ks

အသက်ငယ်ငယ်နှင့် အမေရိကန်ထိပ်တန်းစာရေးဆရာတစ်ယောက်ဖြစ်ခဲ့သော စကေ့ဖစ်ဇ်ဂျာရယ်၏ ဘဝမှန်ကို ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ ဤဝတ္ထုကို မင်းသားကြီး ဂရီဂိုရီပက်၊ မင်းသမီး အယ်အိုရာ ကာတို့ဖြင့် ဟောလိဝုဒ်တွင် ရုပ်ရှင်ရိုက်ကူးခဲ့ရာ အောင်မြင်ခဲ့ပြန်ပါသည်။
ဤစာအုပ်၌ စာပေဘက်တွင် အကျိုးပေးကောင်းခဲ့သော်လည်း အချစ်ရေးတွင် အလွန်ကံခေရှာလေသူ စကော့ဖစ်ဇ်ဂျာရပ်၏ ရင်နင့်ဖွယ်အဖြစ်ကို ရသမြောက်စွာတင်ပြထားပါသည်။ စာရေးသူ ရှီလာဂရေဟမ် ကိုယ်တိုင်မှာလည်း နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်ရုံမက ဖစ်ဇ်ဂျာရယ်၏ ချစ်သူဟောင်းတစ်ဦးဖြစ်ရာ မိမဲ့ဖမဲ့ဘဝဖြင့် ဆင်းရဲကြမ်းတမ်းလှသော သူ့ဘဝ၏ တစ်စိတ်ပိုင်းကိုပါ ထည့်သွင်းရေးဖွဲ့ထားသဖြင့် လူငယ်စာရေးဆရာနှစ်ဦး၏ မိန်းမူးဖွယ် ချစ်ခြင်းတရား၊ ဘဝအလွမ်း အမောများ၊ အားမာန်များ စသည်ဖြင့် ခံစားရမည့် ဖြစ်ရပ်မှန်ဝတ္ထုတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

၅၂၅ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၃ ခု၊ နိုဝင်ဘာလ ဒုတိယအကြိမ်