မေဂျာဆိုင်းမွန်း

3,000 Ks

ဤစာအုပ်ကို ရေးသားသူ (မူရင်း) စာရေးဆရာမှာ ဂျက်ဟစ်ဂင်း ဖြစ်ပါသည်။ သူ၏ ဝတ္ထုများသည် ကမ္ဘာတစ်ဝန်းလုံး၌ စောင်ရေ မြောက်မြားစွာ ရောင်းချခဲ့ရရုံမျှမက ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ရပါသည်။ သူသည် ဝတ္ထုတစ်အုပ်ကို ရေးသားတော့မည်ဆိုလျှင် အသေးစိတ် စေ့စပ်စွာ လေ့လာပြီး တိကျခိုင်မာစွာ ရေသားလေ့ရှိသူဟူ၍ နာမည်ကျော်လွန်းသူ ဖြစ်ပါသည်။ သူ၏ ဝတ္ထုများ၌ နောက်ခံအကြောင်းအရာ၊ ခေတ်ကာလ အခင်းအကျင်းများ နှင့်တကွ အဖွဲ့အစည်းများ၏ အတွင်းရေးများပါမကျန် သေချာစွာ ရေးဖွဲ့နိုင်စွမ်းရှိသဖြင့်လည်း သူ၏ စွန့်စားခန်းဝတ္ထုများမှာ ခေတ်ကာလ ရုပ်လုံးကြွ နေလေ့ရှိပါသည်။
ဤစာအုပ်မှာ ဗြိတိန်နိုင်ငံရှိ မြောက်အိုင်ယာလန် ပြည်နယ်၌ မျက်ကန်းမျိုးချစ်၊ အယူသည်း အကြမ်းဖက်သမားများကို ဗြိတိသျှ အစိုးရအနေ ဖြင့် ခက်ခက်ခဲခဲ နှိမ်နင်းနေခဲ့ရသော ကာလကို နောက်ခံထား၍ ရေးဖွဲ့ထားပါသည်။ ဆိုင်းမွန်မော်ဂန် ဆိုသော ဗိုလ်မှူးတစ်ဦးကို အဓိက ဇာတ်လိုက် (Hero) နေရာ၌ထားကာ ရေးဖွဲ့ထားသော အကြမ်းဖက်တိုက်ဖျက်ရေး၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဝတ္ထု ဖြစ်ပါသည်။

စာမျက်နှာ

၃၄၈ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ ဇူလိုင်လ ဒုတိယအကြိမ်