ဒုဗိုလ်မှူးကြီး ဝင်းနိုင် (ငြိမ်း)၊ ဒေါ်ခင်ဆွေအေးတို့၏သားသမီးခြောက်ယောက် အနက် အထွေးဆုံးသမီးဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် ရခိုင်ပြည် နယ်၊ ကျောက်ဖြူမြို့၌ မွေးဖွားခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်တက်္ကသိုလ်မှ သတ်္တဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။
၂၀၀၁ ခုနှစ် MRTV -3 တွင် ရုပ်သံကျွမ်းကျင်-၂ ရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ရုပ်သံကျွမ်းကျင်-၁ ရာထူးနှင့် MRTV -4 တွင် ထုတ်လုပ်မှု ဒါရိုက်တာအဖြစ် အစီအစဉ်ပေါင်း ၃၀၀ ကျော်ကို ထုတ်လုပ်ခဲ့သည်။ ထိုနှစ်တွင်ပင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဖွင့်လှစ်သော သတင်းစာပညာသင်တန်းတွင် ထူးချွန်ဆု (ပထမ) ချီးမြှင့်ခြင်း ခံရသည်။
၂၀၀၇ ခုနှစ်တွင် AIBD ¬¬¬မှ For Radio Programme သင်တန်းကို လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် Management skills in Broadcasting သင်တန်းကို လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် Radio Management သင်တန်းကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင်ပင် တရုတ်နိုင်ငံ မကာအိုတွင် Asia Media Summit နှင့် Online Journalism စသည့် သင်တန်းများ တက်ရောက်ခဲ့သည်။
Perfect မဂ္ဂဇင်းနှင့် ဇီဝကမဂ္ဂဇင်းတို့တွင် Part Time Editor အဖြစ် လုပ်ကိုင်ခဲ့ပြီး နေခြည်၊ နှင်းယွန်းနေခြည်၊ နှင်းယွန်းနွေချို၊ ဆုပန် စသည့် ကလောင်အမည်များဖြင့် သုတ၊ ရသ စာပေတို့ကို ရေးသားခဲ့သည်။
ယခုအခါတွင် MRTV -4 တွင် “ကိုယ်ရောက်နေတဲ့ ကိုယ့်နေရာ”၊ “နေသားတကျ အရေပြားအလှ” အစီအစဉ်အပါအဝင် အစီအစဉ်ပေါင်းများ စွာကို ထုတ်လုပ်လျက်ရှိသည်။
ကိုယ်ရောက်နေတဲ့ ကိုယ့်နေရာ
2,700 Ks
စာမျက်နှာ | ၂၀၃ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၄ ခု၊ ဇူလိုင်လ ဒုတိယအကြိမ် |