အောင်မြင်သူတို့၏ အောင်ပန်းဆင်နည်းလမ်း ၉ သွယ်

1,000 Ks

ဤစာအုပ်၏ မူရင်းစာရေးသူ ဟေဒီဂရန့်ဟာဗော်စန်သည် လူမှုစိတ်ပညာရှင်၊ စာရေးဆရာမ၊ ကိုလံဘီယာ စီးပွားရေးတက္ကသိုလ်ရှိ M.S.C ၏ တွဲဖက်ဒါရိုက်တာ၊ ကုမ္ပဏီကြီးပေါင်းများစွာ၏ အကြံပေး ဘုတ်အဖွဲ့ဝင် Huffington Post နှင့် Forbes တို့ကဲ့သို့ ကမ္ဘာကျော်စာနယ်ဇင်းများ၏ ပင်တိုင်ဆောင်းပါးရှင် စသည်တို့ကို လုပ်ကိုင်ရင်း ၎င်းင်း၏ ကိုယ်တွေ့အတွေ့အကြုံများအပေါ် စနစ်တကျရှုမြင်သုံးသပ်ကာ ဤစာအုပ်ကို ပြုစုထားပါသည်။
ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းကြရာ၌ အချို့ကိစ္စရပ်များ၌ ကျဆုံးရလေ့ ရှိပါသည်။ အလွန်ထူးချွန်ထက်မြက်ပြီး စွမ်းဆောင်ရည် မြင့်မားသူများပင်လျှင် ထိုအဖြေကို ကွဲကွဲပြားပြား နားမလည်နိုင်ကြပေ။ ထိုပြဿနာကို ဤစာအုပ်၌ အဖြေပေးထားပါသည်။ ဤစာအုပ်ကို ဖတ်ရှုလေ့ လာခြင်းဖြင့် ဘဝအောင်မြင်မှုပန်းတိုင်သို့ သင် ဘယ်အတိုင်းအတာအထိ မှန်ကန်စွာ လျှောက်လှမ်းနိုင်ခဲ့ပြီလဲ။ သင့်ကို ကျရှုံးစေသည်မှာ ဘယ်လိုအမှား မျိုးလဲ စသည်ဖြင့် ထင်ထင်ရှားရှား သိမြင်နိုင်ပါလိမ့်မည်။ ထိုအသိမှတစ်ဆင့် သင် လိုလားရာပန်းတိုင်ကို ချောမောစွာ အရောက်လှမ်းနိုင်မည် ဖြစ်သည်။

စာမျက်နှာ

၁၁၅ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ စက်တင်ဘာလ ပထမအကြိမ်