ကျန်းမာသုတ ဆေးသုတ (၂၀၁၄)

1,800 Ks

SKU: woo-b297 Category:

လူတိုင်းအတွက် ကျန်းမာရေးမှာ အရေးကြီးသည် မှန်သော်လည်း ပေါ့ဆစွာ နေထိုင်စား သောက်ရင်း ရောဂါတစ်ခုခုကပ်ငြိလာပါက ကာယကံရှင်အပါအဝင် မိသားစုများမှာ လူမှုဒုက္ခများကို ခံစားကြရပါသည်။ သို့ဖြစ်ရာ သတိရှိရှိဖြင့် မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ကြိုတင်ကာကွယ်၍ ဆင်ခြင်နိုင်ရန်မှာ အရေးကြီးလှပါသည်။
ဤစာအုပ်၌ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာများ၊ အသီးအရွက်များတွင် ပါဝင်သော ကျန်းမာရေးအကျိုးပြုဓာတ်များနှင့် သက်သာပျောက်ကင်းစေနိုင်သော ရောဂါများ၊ ကိုယ်လက် လှုပ်ရှားလေ့ကျင့်မှုဆိုင်ရာများ၊ ကိုယ်အလေးချိန် လျှော့ချမှုဆိုင်ရာများ၊ အရိုး၊ သွားနှင့်ခံတွင်း၊ အရေပြားစသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ကျန်းမာရေးဆိုင်ရာများ၊ အိပ်စက်နေစဉ် ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်းစသည့် အိပ်စက်ခြင်းနှင့် ကျန်းမာရေးဆက်စပ်မှုများ၊ ခရီးသွားလာစဉ် ကြုံရတတ် သည့် ကျန်းမာရေးပြဿနာများ၊ ကလေးကျန်းမာရေး၊ အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင်ကျန်းမာရေး ကင်ဆာရောဂါ စသည်တို့ဖြင့် အထွေထွေကျန်းမာရေး ပြဿနာများကိုပါ ထောင့်စေ့အောင် မိသားစု ဆရာဝန်တစ်ဦးပမာ မိသားစုတိုင်း လက်စွဲထားနိုင်အောင် ပြုစုထားသော တစ်နှစ်ချင်းအလိုက် နိုင်ငံတကာ ဆေးပညာဗဟုသုတများ ပါဝင်သည်။

စာမျက်နှာ

၁၃၉ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ခု၊ မေလ ပထမအကြိမ်