ယခင်က နိုင်ငံတစ်စု၏ ချမ်းသာကြွယ်ဝမှုကို တွက်ချက်ရာ၌ စုစုပေါင်းတိုင်းပြည်ထုတ်ကုန် (GDP)ဖြင့်သာ တွက်ချက်ခဲ့ရာမှ ယခုအခါ တစ်မျိုးသားလုံး ကျန်းမာပျော်ရွှင်မှုအညွှန်းကိန်း (GNH Gross National Happiness)ဖြင့်ပါ ထည့်သွင်းတွက်ချက်လာကြပြီဖြစ်ရာ မျက်မှောက်ခေတ်၌ ကျန်းမာရေးကိစ္စ၊ ဗဟုသုတများသည် လူတစ်ဦးချင်းမှသည် နိုင်ငံနှင့်ချီသော အမျိုးသားရေးကိစ္စများ ဖြစ်လာပါပြီ။
ဤစာအုပ်၌ မိမိအိမ်တွင်ဖြစ်စေ၊လုပ်ငန်းခွင်တွင်ဖြစ်စေ၊ လူမှုဆက်ဆံရေးနယ်ပယ်တွင်ဖြစ်စေ နေ့စဉ် ရှင်သန်နေထိုင်ရာ လူမှုဘဝအသီးသီး၌ ကြုံတွေ့နေရသော ခြင်ပြဿနာ၊ ရေသန့်ကိစ္စ၊ အဝလွန်ရောဂါ၊ ပဋိဇီဝဆေး၊ ဟိုမုန်းဆေး စသည့် လူတိုင်းတိုင်း၏ ကျန်းမာပျော်ရွှင်သော ဘဝကိုယ်စီအတွက် အရေးကြီးဆုံး အသုံးတည့်မည့် အထွေထွေကျန်းမာရေး ဗဟုသုတများကို တင်ပြထားပါသည်။
ခေတ်ကာလအလိုက်ကျန်းမာရေးဗဟုသုတများ
2,000 Ks
စာမျက်နှာ | ၁၆၂ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၃ ခု၊ ဒီဇင်ဘာလ ပထမအကြိမ် |