ကလေးရှေးဦးသူနာပြုစုနည်း

1,500 Ks

SKU: woo-b301 Category:

အသက် ၃ နှစ်အောက်ကလေးငယ်များသည် အလွန်နုနယ်လှပါသည်။ ထိုရင်သွေးငယ် များ၌ ရောဂါဝေဒနာတစ်ခု အပြင်းအထန် ခံစားရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ပိုးမွှားအကိုက်ခံရခြင်း၊ အဆိပ်မိခြင်း၊ ရေနစ်ခြင်း စသည်ဖြင့် တစ်စုံတစ်ခုသော အန်္တရာယ်ကျရောက်ပါက မိဘများအနေနှင့် ထိတ်ထိတ်ပျာပျာဖြစ်ကာ အစိုးရိမ်လွန်ကဲတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် ကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်းပေးနိုင်သည် မဟုတ်ပါ။ သို့ဖြစ်ရာ ထိုသို့သော အခြေအနေများ ကြုံတွေ့လာပါက အသက်ကို မှန်မှန်ရှူသွင်းကာ ခေါင်းအေးအေးထားပြီး ဤစာအုပ်ပါ နည်းလမ်းများ အတိုင်း ဖြေရှင်းနိုင်ဖို့ လိုပါသည်။
ဤစာအုပ်၌ အိမ်တိုင်းဆောင်ထားရမည့် ရှေးဦးသူနာပြုပစ္စည်းများ၊ သဘာဝကုထုံးများ၊ အသက်ရှူ အထောက်အကူနည်းလမ်းများ၊ သူငယ်နာ၊ လည်ပင်းအစ်ခြင်း၊ ရင်ဘတ်ဒဏ်ရာ၊ ရှော့ခ် ရခြင်း၊ သွားကျွတ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မျက်လုံး၊ နားရွက်၊ ပါးစပ်တို့ ထိခိုက်ဒဏ်ရာရခြင်း၊ လွန်ကဲစွာ သွေးယိုခြင်း၊ ပိုးမွှား အကိုက်တုပ်ခံရခြင်း၊ အရိုးအဆစ်ဒဏ်ရာရခြင်း၊ အပူချိန်လွန်ကဲ ခြင်း၊ ဖျားနာခြင်း၊ အဆိပ်မိခြင်း စသည်တို့ အပါအဝင် ၃ နှစ်အောက်အရွယ် ရင်သွေးငယ်များ ဖြစ်လေ့ရှိကြသော ရောဂါများကို စနစ်တကျ ရှေးဦးသူနာပြုနည်းဖြင့် ပြုစုရမည့်နည်းနာများကို ပြုစုထားသည်။

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ ဇူလိုင်လ ပထမအကြိမ်

စာမျက်နှာ

၁၂၂ မျက်နှာ