မြန်မာ-အမေရိကန်ဆက်ဆံမှုမှတ်တမ်း

3,000 Ks

SKU: woo-b307 Category:

မြန်မာနိုင်ငံ ကသာမြို့မှ စူးတစ်ချောင်းဖြင့် ထိုးဖောက်လိုက်ပါက အမေရိကန်တက္ကဆက်ပြည်နယ် သို့ ပေါက်ရောက်နိုင်ပါသည်။ ထို့ကြောင့် မြန်မာနှင့်အမေရိကန်သည် အဝေးဆုံးနှင့်အနီးဆုံး နိုင်ငံနှစ်ခုဟု ဆိုရပါမည်။ ဤစာအုပ်၌ မြန်မာ-အမေရိကန်ဆက်ဆံရေး စတင်ခဲ့သည့် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၈၅၆ ခုနှစ်မှစ၍ ၁၉၇၀ ပြည့်နှစ်အထိ သမိုင်းမှတ်တမ်းများကို ဓာတ်ပုံမှတ်တမ်းများဖြင့် ပြည့်စုံအောင် ပြုစုထားပါသည်။ ထို့ပြင် ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ခရီးစဉ်မှတ်တမ်း၊ နောက်ဆက်တွဲအနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂါနင်နှင့် ဆိုဗီယက်ကွန်မြူနစ်ပါတီမှ ကရူးရှော့ဗ်တို့၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဓာတ်ပုံမှတ်တမ်းများကိုပါ ဖြည့်စွက်ပြုစုထားပါရာ နှစ်ပေါင်း ၁၆၀ နီးပါးသက်တမ်း ရှိပြီဖြစ်သည့် မြန်မာ-အမေရိကန်ဆက်ဆံရေးကို ဆဝါးမိနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

၂၀၀မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ခု၊ဇန်နဝါရီလ ပထမအကြိမ်