သိမှတ်ဖွယ်ရာ အင်္ဂလိပ်စာ အသုံးအနှုန်းများ

1,200 Ks

ဝယ်ယူမည်

အင်္ဂလိပ်စာကို လေ့လာရာတွင် သဒ္ဒါတတ်ရုံ၊ ပြောဆိုနိုင်ရုံမျှဖြင့် မလုံလောက်ပါ။ ဗန်း စကားများ၊ စကားတွဲများ၊ အသုံးထူးစကားလုံးများနှင့် ၎င်းင်းလူမျိုး၏ စိတ်နေစိတ်ထား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုပါ နားလည်မှ အရှက်ရစရာ အမှားမျိုးကို ရှောင်ကွင်းနိုင်မှာ ဖြစ်ပါသည်။
ဤစာအုပ်၌ Comma (,) တစ်ခု နေရာပြောင်းရုံမျှဖြင့် အနက်အဓိပ္ပာယ် လုံး၀ ပြောင်းလဲ သွားစေနိုင်သော ပုဒ်ဖြတ်၊ ပုဒ်ရပ် သင်္ကေတ များ၊ အထူးသင်္ကေတများ၊ အနက်ဝေါဟာရများ၊ တင်စားဆိုသည့် စကားလုံးများ၊ လမ်းသုံးစကားလုံးများ၊ ရုံးသုံးစကားလုံးများ၊ အင်္ဂလိပ်စာထဲတွင် ရာနှုန်း ၇၀ နီးပါး ပါဝင်နေသည့် တိုင်းခြားစကားများ၊ အနက်လွဲစေနိုင်သော စကားလုံးများ၊ မြန်မာစာ ထဲ၌ နေ့စဉ်သုံးဖြစ်နေသည့် အင်္ဂလိပ်စကားလုံး များ စသည်ဖြင့် အင်္ဂလိပ်စာနှင့် ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် ဗဟုသုတများကို တင်ပြထားပါသည်။

စာမျက်နှာ

၈၉ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ စက်တင်ဘာလ ပထမအကြိမ်