ဤစာအုပ်ကို ဆရာကြီးစစ်ကိုင်းဦဘိုးသင်းက ကျမ်းကိုမရေး ကြမ်းကိုရေးသည်ဟုဆို၏။ အိမ်တစ်အိမ်တွင် အမိုးအကာ တို့သည်အရေးကြီးသကဲ့သို့ အိမ်၏ကြမ်းသည်လည်း အရေးကြီးပေသည်။ထို့ကြောင့် အခြေခံသဘောဖြစ်သည့် ကြမ်းကို ရေးသည်ဟုဆိုထားသည်။ ထိုသို့ နှိမ့်ချ၍ ဆိုထားသောငြားလည်း နိုင်ငံသားတို့လိုက်နာကျင့်ကြံအပ်သည့် အခြေခံ သဘောများကို ဥပမာ ဥပမေယျများဖြင့် တန်ဆာဆင်ကာ ရှေးမြန်မာအယူအဆများနှင့် နီတိများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုရေးသားထားသဖြင့် ဖတ်ရှုလေ့လာသင့်သည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
လူ့မျက်ရှုကြမ်း
3,000 Ks
စာမျက်နှာ | ၂၅၅ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ပြန်လည်ရိုက်နှိပ်ခြင်း |