မြန်မာလူမျိုးများနှင့် မစိမ်းလှသော၊ မြန်မာတို့၏ ရိုးရာဓလေ့ နတ်ကိုးကွယ်မှုများကြား၌ ထင်ရှားလှသော နံကရိုင်းမယ်တော်ကြီး၏ ရင်နင့် ဖွယ်ဇာတ်ကြောင်း ဖြစ်ပါသည်။ မြန်မာပြည် တစ်နံတစ်လျား နံကရိုင်းမယ်တော် ကိုးကွယ်သူများနှင့်တကွ ကြားဖူးနားဝရှိသူများကြသော်လည်း သူ၏ အကြောင်းကို ဂနသေချာစွာ သိရှိသူ နည်းပါးလှပါသည်။ ထိုကွက်လပ်ကို ဖြည့်သောအားဖြင့် စာရေးသူ ရာဇဒေဝက ဇာတ်လမ်းသဖွယ် ရေးသားထားခြင်း ဖြစ်ရာ ဟံသာဝတီပြည့်ရှင် သမလမင်းနှင့် ညီတော် ဝိမလမင်းတို့အကြား ဖြစ်ပွားခဲ့သော ထီးရေးနန်းရာ ရှုပ်ထွေးမှုများမှ အစပြု ဖြစ်တည်ခဲ့သော ရင် နင့်ဖွယ် အဖြစ်အပျက်များကို ဖတ်ရှုရပါလိမ့်မည်။
နံကရိုင်းမယ်တော် သမိုင်းပုံဝတ္ထု
900 Ks
စာမျက်နှာ | ၁၅၀ မျက်နှာ |
---|---|
ပုံနှိပ်မှတ်တမ်း | ၂၀၁၄ ခု၊ ဇူလိုင်လ ပထမအကြိမ် |