ဗုဒ္ဓ-ဓမ္မနှင့် လောကီရေးရာ သုတဘဏ်

1,200 Ks

ဝယ်ယူမည်

မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်အများစု ရှိကြသော်လည်း ဗုဒ္ဓအကြောင်း၊ ဓမ္မအကြောင်း၊ သံဃာအကြောင်း အခြေခံမျှကိုပင် ပြည့်ပြည့်စုံစုံ သိရှိသူ နည်းပါးလှပါသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင်ပီသစွာဖြင့် ဗုဒ္ဓကို ပိုမို ကြည်ညိုနိုင်ရန်၊ ဓမ္မကို ပိုမိုနားလည်ကျင့်သုံးနိုင်ရန်၊ လောကီရေးရာများတွင် ဆင်ခြင်သတိရှိနေတတ်စေရန် ဗုဒ္ဓ၊ ဓမ္မနှင့် လောက၏ အကြောင်းကို အခြေခံအကြောင်းခြင်းရာများလောက်တော့ လေ့လာထားသင့်ပါသည်။
ဤစာအုပ်၌ ဗုဒ္ဓနှင့် စပ်ဆိုင်သမျှဖြစ်သော ဖွားဖက်တော် ၇ ပါး၊ ဗုဒ္ဓ၏ မဟာပုရိသ လက္ခဏာများ၊ ဘုန်းတော်၊ ကံတော်၊ ဂုဏ်တော်များ၊ ဝိပါတ်တော်များ၊ မဂ် (၄) ပါး၊ ဖိုလ် (၄) ပါး၊ လက္ခဏာရေး (၃) ပါး၊ ကာယ၊ ဝစီ မနောချီသည့် ဒုစရိုက် ၁၀ ပါး၊ သမ္ပဒါ (၄) ပါး၊ စသည့် တရား တော်၏ အကြောင်းအရာများ၊ ရဟန်းတို့၏ ဂုဏ်များ၊ အလှူဒါန အမျိုးမျိုးနှင့် အကျိုးများ၊ လောကီဆိုင်ရာ အဆုံးအမများဖြစ်သော နီတိများ စသည် ဖြင့် ပြည့်ပြည့်စုံစုံ ပြုစုထားသည်။

စာမျက်နှာ

၂၀၁ မျက်နှာ

ပုံနှိပ်မှတ်တမ်း

၂၀၁၄ ခု၊ ဇူလိုင်လ ပထမအကြိမ်