ဤစာအုပ်သည် မြန်မာပြည်တွင် ထိပ်ဆုံးနေရာတစ်ခုသို့ ရောက်ရှိနေကြသော အလွှာစုံ၊ နယ်ပယ်စုံမှ လူပုဂ်္ဂိုလ်တို့၏အကြောင်းနှင့် MRTV-4 တွင်ထုတ်လွှင့်ခဲ့သော ၎င်းတို့နှင့် အင်တာဗျူး မေးမြန်းချက်များကို ပြုစုတင်ဆက်ထားပါသည်။
You are previewing: နေခြည် တွေ့ဆုံမေးမြန်းသည့် ကိုယ်ရောက်နေတဲ့ ကိုယ့်နေရာ

နေခြည် တွေ့ဆုံမေးမြန်းသည့် ကိုယ်ရောက်နေတဲ့ ကိုယ့်နေရာ
စာရေးဆရာ |
ကာတွန်းဝင်းအောင်, ကိုကို, ကိုရိုးကွန့် |
---|

ကဏ္ဍအလိုက်စာအုပ်များ
-
သတိုးသီရိသုဓမ္မသူဌေးကြီးဆာဦးသွင်3,000 Ks
-
-
အရှင်သီလာနန္ဒာဘိဝံသ2,800 Ks
-
-
နည်းပညာအရှင်သခင် စတိဗ်ဂျော့ဘ်1,700 Ks
နေခြည် တွေ့ဆုံမေးမြန်းသည့် ကိုယ်ရောက်နေတဲ့ ကိုယ့်နေရာ
ဤစာအုပ်သည် မြန်မာပြည်တွင် ထိပ်ဆုံးနေရာတစ်ခုသို့ ရောက်ရှိနေကြသော အလွှာစုံ၊ နယ်ပယ်စုံမှ လူပုဂ်္ဂိုလ်တို့၏အကြောင်းနှင့် MRTV-4 တွင်ထုတ်လွှင့်ခဲ့သော ၎င်းတို့နှင့် အင်တာဗျူး မေးမြန်းချက်များကို ပြုစုတင်ဆက်ထားပါသည်။

ကာတွန်းဝင်းအောင်
အဖ ဦးသောင်း၊ အမိ ဒေါ်နုနုတို့မှ ၁၉၅၈ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးဝင်းအောင် ဖြစ် သည်။ ၁၉၇၆ ခုနှစ်တွင် စာစတင်ရေးသားခဲ့ပြီး ရေးသားခဲ့သော စာအုပ်များမှာ ဘာပဲပြောပြော ရာဇဝင်ရှိတယ် ၊ ယုန်ထင်ကြောင်ထင်၊ လက်မရွံ့ ၊ အကြိုက်ဆုံးကာတွန်းများ၊ အောင်မြင်ထင်ရှား မြန်မာအနုပညာရှင်များ၊ နိုင်ငံ တ ကာနိုင်ငံတကာစာမဲ့ကာတွန်းများ စသည့်စာအုပ်များကို ရေးသားခဲ့ပြီး မဂ္ဂဇင်း များ၊ ဂျာနယ်များတွင် ကာတွန်း များ ရေးဆွဲလျက် ရှိသည်။ ယခုအခါ အခန်း(၂၀၁) တိုက်(၂) မြမင်္ဂလာလမ်း၊ ယုဇနတွင် နေထိုင်ပါသည်။
၂၀၁၀ ပြည့်နှစ်တွင် မတင်မာစိုးနှင့်လက်ထပ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် စာစတင်ရေးသားခဲ့ပြီး ရေးသား ခဲ့ သောစာအုပ်များမှာ ဘာပဲပြောပြော ရာဇဝင်ရှိတယ်၊ ယုန်ထင်ကြောင်ထင်၊ လက်မရွံ့၊ အကြိုက်ဆုံး ကာတွန်း များ၊ အောင်မြင်ထင်ရှား မြန်မာ အနုပညာရှင်များ၊ နိုင်ငံတကာစာမဲ့ကာတွန်းများ စသည့်စာအုပ်များကို ရေးသားခဲ့ပြီး မဂ္ဂဇင်း များ၊ ဂျာနယ်များတွင် ကာတွန်းများ ရေးဆွဲလျက် ရှိသည်။ ယခုအခါ အခန်း(၂၀၁) တိုက်(၂) မြမင်္ဂလာလမ်း၊ ယုဇနတွင် နေထိုင်ပါသည်။

ကိုကို
အဖ ဦးထွန်းတင် + အမိဒေါ်ညိမ်းရှင်တို့က ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၌ ၁၉၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် မွေးဖွားသည်။အကြီးဆုံးသားဖြစ်၍အမည်ရင်းမှာဦးကိုကိုဖြစ်သည်။ မြောင်းမြ အစိုးရ အထက်တန်း ကျောင်းသား ဘ၀ တွင် ကျောင်းမဂ္ဂဇင်းများ၌ အင်္ဂလိပ်စာ တွဲဖက်စာ တည်းအဖြစ် ဆောင်ရွက် ခဲ့၍ အင်္ဂလိပ်ဘာသာဆောင်းပါးနှင့် မြန်မာဘာသာပြန်ဝတ္ထုများကို ရေးသား ခဲ့သည်။ ၁၉၃၈ခုနှစ်တွင် မြောင်းမြခရိုင် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးနှင့် တို့ဗမာအစည်းဘာသာ ပြန်ဆောင်းပါးများ အရုံးခေါင်း ဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ရန်ကုန်သို့ရောက်၍ စနေနဂါး ဂျာနယ်၌ စတင်ရေး သားကာ ဆယ်သန်းသတင်းစာတွင် ညအယ်ဒီတာလုပ် သည်။
ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗိုလ်မှူးဗထူးတပ်၌ နိုင်ငံရေးနှင့် ဝါဒဖြန့်ချိရေးတာဝန်ကို ထမ်းဆောင် ခဲ့သည်။ ထို့နောက်တွင် လူထုပညာရေးကောင်စီနှင့် နိုင်ငံခြားရုပ်ရှင်တင်သွင်းရေး အေဂျင်စီလုပ်ကိုင်ပြီး၊ ရုပ်ရှင်လုပ်ငန်းကော်ပိုရေးရှင်း(ရုံးချုပ်) တွဲဖက်ညွှန်ကြားရေးမှူးအဖြစ် အငြိမ်း စားယူခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂကို ဦးစီးတည်ထောင်ခဲ့သူတစ်ဦးဖြစ်သည်။ စာပေလုပ် သားအဖွဲ့ဖြစ်မြောက် ရေးကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကိုကိုရေးသားခဲ့သောစာအုပ်များအနက် ယောကျ်ားဆိုတာ၊ ပိတောက်တွေပွင့်မှဖြင့် လက်ရွေး စင်ဝတ္ထုတိုများ၊ လင်းလုပါပြီ၊ မေ့သက်မှူး၊ ပိတောက်တွေပွင်ပြန်ပေါ့၊ အသည်းကမ္ဘာဝယ်၊ ခရုအိမ်တို့ မှာ ထင်ရှားသည်။
၁၉၆၃ ခုနှစ်တွင် မောင်ကျော်သာနှင့် ပူးတွဲရေးသော ဤသစ်ဆုံဝတ္ထုဖြင့် အနုပညာစာပေ ဆိုင်ရာ ဝတ္ထုရှည် တတိယဆုကိုရရှိခဲ့သည်။ မော်ကွန်းဝင် ပထမဆင့်ရရှိခဲ့သည်။ လုံးချင်းဝတ္ထု နှစ်ဆယ်ခန့်နှင့်ဝတ္ထုတို ငါးဆယ်ခန့်အပြင် ရုပ်ရှင်ဇာတ်ညွှန်းများကိုလည်း ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကွယ်လွန်သည်။

ကိုရိုးကွန့်
အဖ ဦးသောင်းစိန်၊ အမိ ဒေါ်ခင်အေးတို့က ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ညောင်ဦး မြို့နယ်၊ထောင့်ကြီး ရွာ၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးခင်မောင်ဦး ဖြစ်သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တို့တွင်ပညာသင် ကြား ခဲ့ပြီး B.Sc (Geology) ဘွဲ့ရရှိခဲ့သည်။
ထို့နောက် ဆည်မြောင်းဦးစီးဌာ၊ ဆည်တော်ကြီးဘက်စုံရေလှောင်တမံစီမံကိန်းတွင် ဒု-ဦးစီးမှူး (ဘူမိ ဗဒ လုပ်ငန်းပြ)အဖြစ်လည်းကောင်း၊ ၁၉၈၁ ခုနှစ်မှစ၍ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာ ဖွေရေး ဦးစီး ဌာနတွင်လည်းကောင်း တာဝန်ထမ်းဆောင်သည်။ ၁၉၈၅ခုနှစ် တွင် အလုပ်မှနုတ်ထွက်ခဲ့ သည်။၁၉၉၁ ခုနှစ်တွင် မြန်မာ့ဓနစီးပွားရေးမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ရင်း ရသပါသော စီးပွားရေး ဆောင်းပါး ရှည်များ ရေးသားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ကြော်ငြာနှင့် ဈေးဝယ် လမ်းညွှန်မဂ္ဂဇင်း၊ ၁၉၉၈ ခုနှစ်တွင် သက်တန့်ရောင်သတင်းဂျာနယ်နှင့် ၂၀၀၀ ပြည့်နှစ်တွင် ရတီ ကျောက်မျက်နှင့် လက်ဝတ်ရတနာမဂ္ဂဇင်းများတွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း ၂၀၀၃ ခုနှစ်မှ စ၍ နန်းမြင့် sဂျာနယ်၊ အောင်ပင်လယ်မဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ သည်။ ၁၉၉၇ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ စာနယ်ဇင်းလေ့လာရေး ပြည်ပခရီးစဉ်အဖြစ် သွား ရောက်ခဲ့သည်။ ၂၀၀၂ ခုနှစ် သြဂုတ်လတွင် အမေရိကန်နိုင်ငံ UNIVERSITY OF CALIFORNIA AT BERKELEY တွင် Journalism သင်တန်းများတက်ရောက်ခဲ့သည်။
၁၉၈၄ ခုနှစ် မေလထုတ် စန္ဒာမဂ္ဂဇင်းတွင် “ကြိုဆိုပါသည်”ဝတ္ထုတိုဖြင့် စာစတင်ရေး သားခဲ့သည်။ စိန်လွန်တူးသမား၏ အဖွင့်အပိတ်တံခါးနှင့်အခြားဝတ္ထုတိုများစာမူဖြင့် ၁၉၈၄ ခုနှစ်တွင် စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ်ဖြင့် ပထမဆုရခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ထပ်မံရရှိသည်။
ရေးသားခဲ့သည့်စာအုပ်များမှာ (၁) စိန်လွန်တူးသမား၏အဖွင့်အပိတ်တံခါးနှင့် အခြားဝတ္ထုတို များ(၁၉၈၇)၊ (၂)ကိုရိုးကွန့်ဝတ္ထုတို များ(၁၉၉၀)၊ အောင်ပင်လယ်လေပြည်ညှင်းဝတ္ထုတိုများ (၁၉၉၀) (မန္တလေးစာရေးဆရာနှင့်ပူးတွဲထုတ်လျက်)၊ (၄)မညိုပြာ၏နှင်းဆီခင်း(၁၉၉၀)၊ (၅) ပဉ္စရူပမဂ္ဂဇင်းဝတ္ထု ရှည်များ(၁၉၉၁)၊ (၆) ဇာတ်ခုံ(၁၀)တွဲ (၁) (၁၉၉၄)၊ (၇) ဇာတ်ခုံ(၁၀)တွဲ (၂)(၁၉၉၄)၊ (၈) ချစ်တယ် ကြိုက်တယ်ဆိုတာ ဘယ်လိုဟာမျိုးခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောစမ်းပါနှမတော်လေးရယ်နှင့် အခြားဝတ္ထုသစ်များ(စာရေးဆရာ သုံးဦးနှင့် ပူးတွဲလျက်) (၁၉၉၄)၊ (၉) ကိုယ်လိုလူစားအများကြီးပဲ၊ (မြန်မာနိုင်ငံမှစာရေးဆရာများနှင့်ပူးတွဲ၍ The Daido Life Foundation က ဂျပန်ဘာသာဖြင့် ထုတ်ဝေသည်) (၁၉၉၅) အစရှိသည်တို့ဖြစ်သည်။