SKCC Maynmar Books



 

 

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ၏ ကျီးသဲမေတ္တာစာ
တန်ဖိုး- ၁၅၀၀ ကျပ်
ပြန်လည်ရိုက်နှိပ်ခြင်း[ဟံသာဝတီပုံနှိပ်တိုက်၏ ပြင်ဆင်တည်းဖြတ်ရိုက်နှိပ်သောမူ]၊ စာမျက်နှာ ၉၇ မျက်နှာ
၂၀၁၈ ခု၊ ဇန်န၀ါရီလ

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ထင်ရှားကျော်ကြားလှသော မေတ္တာစာများ စုစည်းထားခြင်းဖြစ်သည်။ ဆရာတော်ကြီး၏ တပည့် ဒါယိကာ၊ ဒါယိကာမ များဖြစ်သည့် စလေဦးပုည၊ ရွှေတောင်မြို့အုပ်မင်း၊ မော်လမြိုင်မြို့အခွန်ဝန်၊ တပ်မှူးမင်း၊ အုတ်ဖိုမြို့အုပ်ကတော် နှင့်မြို့ဝန်တို့ထံသို့ပေးပို့သည့် မေတ္တာစာများအပြင် ဆရာတော်ကြီး၏ တပည့်ဦးနန္ဒ၊ မောင်တူတို့ထံသို့ပေးပို့သည့် မေတ္တာစာများကိုပါ စုစည်းဖော်ပြပေးထားသည်။

 
 
 
       
 

SKCC Maynmar Books



 

 

မုန်တိုင်ပင်ဆရာတော် ၏ သုံးပုံတံချူကျမ်း နှင့် သုံးပုံအိတ်ထောင့်ကျမ်း
တန်ဖိုး- ၂၃၀၀ ကျပ်
ပြန်လည်ရိုက်နှိပ်ခြင်း[၁၉၅၉ ဟံသာဝတီစာအုပ်တိုက်၏ ပထမအကြိမ်မူ]၊ စာမျက်နှာ ၁၄၅ မျက်နှာ
၂၀၁၈ ခု၊ ဇန်န၀ါရီလ

ကုန်းဘောင်ခေတ် ဗဒုံမင်းလက်ထက်က ရာဇဂုရုဘွဲ့တံဆိပ်တော်ရ မုန်တိုင်ပင်ဆရာတော် လွန်ခဲ့သော ၁၈၈နှစ် ( မြန်မာသက္ကရာဇ်၁၁၉၁ခုနှစ် )တွင် ရေးသားပြုစုခဲ့သည့်ကျမ်းဖြစ်သည်။ ပိဋကတ်သုံးပုံတည်းဟူသော သစ်ပင်ကြီးကို သာမန်လူတို့ရောက်ရှိရန်ခက်ခဲသဖြင့် ဆရာတော်ကြီး၏ဥာဏ်ပညာ တံချူဖြင့်နောင်လာနောက်သားများအတွက် ဆွတ်ခူးပေးထားခြင်းဖြစ်သည်။ ကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်တို့မှ လောကီ လောကုတ္တရာ ဗဟုသုတများကို လွယ်လင့်တကူရှာဖွေနိုင်ရန် ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books



 

 

ပါရဂူ ၏ ပဉ္စဝဂ္ဂီ
တန်ဖိုး- ၂၅၀၀ ကျပ်
ပြန်လည်ရိုက်နှိပ်ခြင်း[၂၀၀၆ ပုဂံစာအုပ်တိုက်၏ ပထမအကြိမ်မူ ]၊ စာမျက်နှာ ၁၈၇ မျက်နှာ
၂၀၁၈ ခု၊ ဇန်န၀ါရီလ

အဉ္စဝဂ္ဂီဆိုသည်မှာ 'ရဟန်း ငါးပါးစု' ဟုအဓိပ္ပာယ်ရသည်။ ဆရာကြီးပါရဂူက ပုဂံခေတ်တွင် နေလို လလို ထင်ရှားခဲ့သည့် ရှင်အရဟံ နောက်ပိုင်းပေါ်က်လာသည့်ပစ္ဆိမဂိုဏ်းကို ဦးစီးတည်ထောင်သည့် ရှင်ဆပ္ပဒ မထေရ်နှင့် ပညာသင်ဘက် ရာဟုလမထေရ်၊ သီဝလိမထေရ်၊ တာမလိန္နိမထေရ်၊ အာနန္ဒာမထေရ်တို့ ငါးဦးကို ပဉ္စဝဂ္ဂီဟုတင်စားကာ ရေးဖွဲ့ထားသည့် သာသနာဝင်နောက်ခံဝတ္ထုဖြစ်သည်။ ထေရဝါဒထွန်းကားပြန့်ပွားရာ ဒေသများတွင် ပရိယတ္တိ သာသနာထိမ်းသိမ်း စောင့်ရှောက်ခဲ့ရပုံများကို သမိုင်းအထောက်အထားများဖြင့် ခြယ်မှုန်းထားခြင်းဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

 

ကောင်းပြည့်စုံ စုစည်းပူဇော်သည့် မြန်မာနိုင်ငံအနှံ့ ထင်ရှားသော ဘုရားများသမိုင်း
တန်ဖိုး- ၁၂,၀၀၀ ကျပ်
ပထမအကြိမ်၊ စာမျက်နှာ ၁၁၅၉ မျက်နှာ
၂၀၁၇ ခု၊ အောက်တိုဘာလ

မြန်မာနိုင်ငံအနှံ့အပြားမှ ထင်ရှားကျော်ကြားတန်ခိုးကြီးမားသည့် ဘုရား ၉၅ ဆူ၏ သမိုင်းကို ရေးသားပူဇော်ထားခြင်း ဖြစ်သည်။ဘုရားများ၏ နောက်ခံသမိုင်း၊ ခေတ်အဆက်ဆက်ပြုပြင်ထိန်းသိမ်းမှု၊ ဗိသုကာဆိုင်ရာ အချက်အလက်နှင့် အံ့ဖွယ်ထူးခြားချက်များကို အပိုင်းလိုက် ခွဲ၍ တင်ပြထားသည်။

 
 
 
       
 

SKCC Maynmar Books

 

 

မောင်သာနိုး (မြန်မာပြန်) အာရှတိုက်ရဲ့ အလင်းရောင်
တန်ဖိုး- ၅၅၀၀ ကျပ်
စတုတ္ထအကြိမ် (၂၀၀၀ ကျောက်ဆောက်စာအုပ်တိုက်၏ တတိယအကြိမ်မူ၊ ၁၉၇၇ ပထမအကြိမ်၊ ၁၉၉၂ ဒုတိယအကြိမ်)၊ စာမျက်နှာ ၃၄၄ မျက်နှာ
၂၀၁၇ ခု၊ နိုဝင်ဘာလ

၁၈ ရာစုအကုန်ပိုင်းရောက်မှ ဗုဒ္ဓဘာသာကို စတင်သိခွင့်ရသည့် အနောက်တိုင်းသားတို့ကို အလင်းဖွင့်ပေးခဲ့သည့် 'The Light Of Asia'( အာရှတိုက်ရဲ့အလင်းရောင် ) သည် ယနေ့အချိန်ထိ အနောက်တိုင်းသားတို့အား လွှမ်းမိုးထားနိုင်သည့် ကဗျာရှည်ကြီးဖြစ်သည်။ The Light Of Asia ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာသည့် အနောက်တိုင်းသား အများအပြားရှိ၏။ မူရင်းရေးသားသူ Sir Edwin Arnold က မည်သည့်ကျမ်းကို အခြေခံရေးသည်ဟု တိတိကျကျ ဖော်ပြမထားသော်လည်း ပညာရှင်များက 'လလိတ ဝိတ္ထာရ'ကျမ်းကို အဓိကအခြေခံ၍ ရေးသားသည်ဟု ဆိုကြသည်။ ထို့ကြောင့် မြန်မာ့ဗုဒ္ဓဝင်နှင့် အနည်းငယ်ကွဲပြားမှုရှိသော်လည်း မူရင်းဆိုလိုချက်ပျောက်ပျက်ခြင်း မရှိပေ။ယနေ့ချိန်တွင် ဂန္ထဝင်ကဗျာ တစ်ပုဒ်အဖြစ် တည်ရှိနေသည့် The Light Of Asia ကို ဆရာကြီးမောင်သာနိုးက ဘာသာစကားကွဲပြားမှုက ခွင့်ပြုသလောက် အပိုအလိုမရှိ တိတိကျကျ ဘာသာပြန်ပေးထားသဖြင့် ဘာသာရေးစာပေအဖြစ်သာမက အင်္ဂလိပ်စာလေ့လာလိုသူများနှင့် ကဗျာချစ်သူများအတွက်ပါ တန်ဖိုးရှိသည့် စာအုပ်ဖြစ်သည်။
 

 
 
 
       
 

SKCC Maynmar Books

 

ကောသလအိပ်မက် ၁၆ ချက်
တန်ဖိုး- ၁၂၀၀ ကျပ် ၊
ပထမအကြိမ်၊ စာမျက်နှာ ၁၀၆ မျက်နှာ
၂၀၁၇ ခု၊ ဇန်န၀ါရီလ

ဗုဒ္ဓစာပေတွင်ထင်ရှားသည့် ကောသလအိပ်မက် ၁၆ချက်ကို အနက်အဓိပ္ပာယ်ရှင်းလင်းချက်များနှင့် သံပေါက်ကဗျာများကိုပါ ဖော်ပြပေးထားသည်။ ကောသလမင်းကြီး၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အိပ်မက်များကို မြတ်စွာဘုရားရှင်ကအဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ခြင်းဖြစ်သည်။ ခေတ်ကာလကို အကောက်အယူပြုရာ ၌ ယနေ့တိုင် ဤအိပ်မက် ဖွင့်ဆိုချက်များက ပြောစမှတ်ပါဝင်နေဆဲဖြစ်သည်။
 

 
 
 
       
 

SKCC Maynmar Books

 

ပါရဂူ (မြန်မာပြန်)၊ သရုပ်ဖော်ပန်းချီ-ကျော်ဖြူစံ ၏ ပုံပြဗုဒ္ဓ၀င
တန်ဖိုး- ၅၀၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၁၄၂ မျက်နှာ
၂၀၁၇ ခု၊ ဇန်န၀ါရီလ

ဤစာအုပ်ကို အင်ဒိုနီးရှားနိုင်ငံသား ဆရာတော် အရှင်ကုသလဓမ္မ ကအင်္ဂလိပ်ဘာသာဖြင့် မကျဉ်းမကျယ် ပြုစုထားသည့် ဗုဒ္ဒဝင်ကို ဆရာပါရဂူက ဘာသာပြန်ဆို၍ ဆရာကျော်ဖြူစံက တစ်အုပ်လုံးသရုပ်ဖော် ပန်းချီရေးဆွဲပေးထားခြင်း ဖြစ်သည်။ ပုံပြဗုဒ္ဓဝင်ကို အခန်း ၆၉ ခန်းခွဲ၍ ရေးဆွဲပူဇော်ထားသည်။
 

 

 
 

SKCC Maynmar Books

 

မင်းငြိမ်းဇော် ၏ ပါဠိဖတ်နည်းသရုပ်ပြလမ်းညွှန်
တန်ဖိုး- ၁၀၀၀ ကျပ်၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၉၆ မျက်နှာ
၂၀၁၄ ခု၊ ဇန်န၀ါရီလ။

 မြန်မာအက္ခရာများဖြင့် ရေးသားထားသော ပါဠိကို မြန်မာစာဖတ်တတ်သော မြန်မာလူမျိုးတိုင်း အသံမထွက်တတ်ကြပါ။
ဤစာအုပ်၌ သရသံ၊ ဗျည်းသံ၊ ပါဌ်ဆင့်၊ အထပ်ဆင့်နှင့် အသံထွက်၊ ဌာန်၊ ကရိုဏ်း၊ သိထိလ၊ ဓနိတ စသည်ဖြင့် မြန်မာအက္ခရာတို့၏ သဘောသဘာဝများ၊ ပါဠိအသံထွက်ပုံထွက်နည်းများ စသည်ဖြင့်မည်သည့်ပါဠိကိုမဆို လွယ်ကူသွက်လက်စွာ အသံထွက်ရွတ်ဖတ်နိုင်စေမည့် နည်းလမ်းများကိုလွယ်ကူရှင်းလင်းစွာ ပြုစုလမ်းညွှန်ပေးထားပါသည်။

 

 
 
 

SKCC Maynmar Books

 

အရှင်ကေလာသ ၏ ဆရာ့မြတ်ကျေးဇူး
တန်ဖိုး- ၁၅၀၀ ကျပ်၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၁၁၁ မျက်နှာ
၂၀၁၄ ခု၊ ဇန်န၀ါရီလ။

ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို ဖွင့်ဆိုရှင်းပြထားသောစာအုပ်ဖြစ်သည်။
ထာဝစဉ်မပြတ်ပူဇော်အပ်သောကြောင့် ဒက္ခိဏဒိသာမည်ထိုက်သည့်အကြောင်း၊ ဆရာ့ဂုဏ် အပြား(၂၅)ပါး၊ ဦးဆောင်ဆရာ(၂)မျိုး၊ ဆရာ့ကျင့်ဝတ်ငါးပါး၊ သာသနာတော်ဆရာ(၄)မျိုး၊ ဆရာတမျှ ပုဂ္ဂိုလ်များ စသည်ဖြင့် ကဏ္ဍများခွဲကာ ဆရာအမျိုးမျိုးနှင့် ဆရာသမားတို့၏ ဂုဏ်ကျေးဇူးအထူးထူးကို ပဋိကတ်ကျမ်းဂန်တို့မှ ထုတ်နုတ်ဖွင့်ဆိုထားသောစာအုပ်ဖြစ်သည်။

 
 
 

SKCC Maynmar Books

 

ဦးကြိုင်မြင့် (ဆူးလေ) မြတ်ဘုရားသာသနာ
တန်ဖိုး- ၂၃၀၀ ကျပ် ၊
ပထမအကြိမ်၊ စာမျက်နှာ ၁၉၁ မျက်နှာ
၂၀၁၃ ခု၊ နိုဝင်ဘာလ။

      ဗုဒ္ဓဘာသာသည် အရာရာကို မျက်စိမှိတ်၍ လက်ခံယုံကြည်ရသည်မဟုတ်ပါ။ ထို့ကြောင့် မိမိတို့ ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ဝေဖန်စိစစ်နိုင်စွမ်း မြင့်မားဖို့လိုအပ်ပါသည်။ ထိုသို့မြင့်မားရန်မှာ လည်း ပိဋကတ်တော်များကို သေချာလေ့လာရပေည်။
     ထိုအခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် ဤစာအုပ်၌ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အခြေခံသိသင့် သိထိုက်သမျှသော အချက်အလက်များကို မကျဉ်းမကျယ် ရှင်းလင်းပြသရုံမျှမက ပိဋကတ်သမိုင်းဆိုင်ရာဖြစ် သည့် ၀ိသုဒ္ဓိမဂ်ကိုစီရင်တော်မူသော ရှင်မဟာဗုဒ္ဓဃောသ၊ ဆကေသဓာတုဝင်ဝတ္ထု၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာ ထေရ်များစသည်ဖြင့် ပြည့်ပြည့်စုံစုံတင်ပြထားသည်ဖြစ်ရာ မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှ တကယ့်ဗုဒ္ဓ ဘာသာဝင် ကောင်းတစ်ယောက်ဖြစ်အောင် ဖတ်မှတ်လေ့လာရမည့်စာအုပ်ဖြစ်သည်။

 
 
 

SKCC Maynmar Books

 

မဟာပညာဗလ ပဌမကျော်ဦးကြီးဖေ ၏ ငါးရာ့ငါးဆယ် နိပါတ်တော်စကားပြေ
(၉ တွဲပေါင်းချုပ်) ဒုတိယအုပ်

တန်ဖိုး- ၇၀၀၀ ကျပ် ၊
၉ တွဲပေါင်း ပြန်လည်ရိုက်နှိပ်ခြင်း၊ စာမျက်နှာ - မျက်နှာ
၂၀၁၄ ခု၊ ဇူလိုင်လ။

     

 
 
 



 

မောင်းထောင်ဆရာတော်ဘုရားကြီး ၏ ဒေါသကထာ
တန်ဖိုး- ၂၃၀၀ ကျပ် ၊
ပြန်လည်ရိုက်နှိပ်ခြင်း၊ စာမျက်နှာ ၁၈၂ မျက်နှာ
၂၀၁၄ ခု၊ ဇူလိုင်လ။

     

 
 
 



 

သုသုက ၏ ဂုဏ်တော်န၀ရတ်နှင့် သူမြတ်ကျင့်စဉ်
တန်ဖိုး- ၃၀၀၀ ကျပ် ၊
ဆဋ္ဌမအကြိမ်၊ စာမျက်နှာ ၂၉၉ မျက်နှာ
၂၀၁၄ ခု၊ ဇူလိုင်လ။

     ဤစာအုပ်သည် ဘုရားဆိုသည်၏ သွင်ပြင်လက်္ခဏာနှင့် ဂုဏ်ထူးဝိသေသများ၊ တရားတော်၏ နက်နဲသိမ်မွေ့မှုများ၊ အရိယာသံဃာတော်များ ၏ ဖြူစင်မွန်မြတ်သော အကျင့်သီလများ စသည်တို့ကို အံ့မခန်းတွေ့ရှိရမည်ဖြစ်သည်။
ဤစာအုပ်တွင် ရှေးသူတော်စင်သူတော်မြတ်များ ကျင့်ကြံအားထုတ်သော ရတနာမြတ်သုံးပါးကို အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာ၍ ပြသထားပါသည်။ ရှေးသူတော်တို့ ရတနာမြတ်သုံးပါးကို ကြည်ညိုလေးစားပုံတို့အား စနစ်တကျ တင်ပြထားပါသည်။
ထို့ပြင် ...ဘုရားရတနာ၊ တရား ရတနာ၊ သံဃာရတနာမြတ်များကို ယနေ့ခေတ်လူငယ်များသိရှိနားလည်သဘောပေါက်စေရန် အတတ်နိုင်ဆုံး ရှင်းလင်း တင်ပြထားပါသည်။ ရတနာမြတ်သုံးပါး၏ ဟိတ်များကိုလည်း အသေးစိတ်ဖွင့်ဆိုထားပါသည်။
ထို့ကြောင့် ရတနာမြတ်သုံးပါး၏ ဂုဏ်ထူးဝိသေသများသည် ရောင်ပြန်ဟပ်၍ ဤစာအုပ်ဖတ်သူအား အကျိုးထူးကို ပေးမည်ဖြစ်ပါသည်။
ဤအကျိုးထူးတရားတို့သည် စာဖတ်သူ ဓမ်္မမိတ်ဆွေ၏ အသည်းနှလုံးနှင့်တကွ ရိုးတွင်းခြင်ဆီသို့တိုင်အောင် ပျံ့နှံ့သွားမည်သာ ဖြစ်ပါသည်။

 
 
 



 

စေတနာလှိုင် (ရေစကြို) ၏ ဥပုသ်သည်နှင့် သိမှတ်ဖွယ် (ဘာသာရေး)
တန်ဖိုး- ၅၀၀၀ ကျပ် ၊
စတုတ္ထအကြိမ်၊ စာမျက်နှာ ၁၆၀ မျက်နှာ
၂၀၁၄ ခု၊ သြဂုတ်လ။

     
သီလဆိုသည်မှာ ကာယကံမှု၊ ၀စီကံမှုတို့ကို နူးညံ့သိမ်မွေ့စွာ ထားရသောကြောင့် လည်းကောင်း၊ ကုသိုလ်တရားတို့ကို အဆင့်ဆင့် တိုးပွားအောင် လုပ်ဆောင်ရသောကြောင့် လည်းကောင်း သီလဟု ခေါ်ခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တိုင်း ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး အစရှိသည့် သီလများကို စောင့်ထိန်းကြလေ့ ရှိပါသည်။ သို့ရာတွင် ဥပုသ်သီလ စောင့်ထိန်းသူများစွာ ရှိသော်လည်း သီလကို နည်းလမ်းမှန်ကန်စွာ စနစ်တကျ စောင့်ထိန်းသူကား နည်းပါးလှပါသည်။ သို့ဖြစ်ရာ သင်္ဂဇာဆရာတော်၊ မဟာဂန္ဓာရုံဆရာတော် အစရှိသည့်ခေတ်အဆက်ဆက် ဆရာတော်ကြီးများသည် ဥပုသ်ကို အပျော်တမ်းဆောက်တည်သကဲ့သို့ ဖြစ်နေသော ဒါယကာ၊ ဒါယိကာမတို့အား ကောင်းစွာ ဆိုဆုံးမခဲ့ကြပါသည်။ သို့သော်လည်း ယနေ့ခေတ်၌ ဥပုသ်သီလ ဆောက်တည်သူများသည် ဥပုသ်သီလအကြောင်း ဂဃနဏ မသိရှိကြသည်ဖြစ်ရာ အချိန်ကုန်ပြီး အကျိုးရှိသင့်သလောက်မရှိ ဖြစ်နေကြပါသည်။
ဤစာအုပ်၌ သီလ၏ စွမ်းအား၊ ငါးပါးသီလ အကျယ်ဖွင့်ဆိုချက်၊ ဥပါသကာ၊ ဥပုသ်တို့၏ အဓိပ္ပာယ်၊ သြကာသ အကျယ်၊ ဥပုသ်စောင့်ခြင်း အကျိုး၊ စိပ်ပုတီး၊ ဥပုသ်သီလဆိုင်ရာ အမေးအဖြေများ စသည်ဖြင့် ဥပုသ်သီလကို စနစ်တကျဖြင့် လြုံခုံခိုင်မြဲအောင် ဆောက်တည်ကျင့်သုံးရမည့် အကြောင်းများကို ပြုစုတင်ပြထားပါသည်။