အထူးတန်တဲ့ စိတ်ကူးချိုချိုရဲ့ Gift Voucher

မန္တလေးဆိုင်ခွဲမှာ စတင်စမ်းသပ်ရောင်းချနေတဲ့ စိတ်ကူးချိုချိုရဲ့Gift Voucher အစီအစဉ်ဟာ လက်ဆောင်ပေးဖို့ ဝယ်ယူသူက ၁၀% သက်သာပြီး အဲဒီကတ်နဲ့ စာအုပ်ဝယ်ယူသူများက ၁၀% ထပ်မံ သက်သာပြီး ဝယ်ယူနိုင်မယ့် အစီအစဉ်ပါ။ မင်္ဂလာလက်ဆောင်၊ မွေးနေ့လက်ဆောင်နဲ့ ခင်မင်သူချင်း အမှတ်တရ ပေးနိုင်တဲ့ လက်ဆောင်တစ်မျိုးပါ။ ဒီအစီအစဉ်ကို ၁၅ နှစ်ပြည့် စျေးရောင်းပွဲ၊ ရန်ကုန်မှာ မိတ်ဆက်ပြီး နောက်ပိုင်းရက်တွေမှာ လမ်း ၄၀ နဲ့ လှည်းတန်းစိတ်ကူးချိုချို စာအုပ်ဆိုင်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီကတ်ဟာ စိတ်ကူးချိုချို စာအုပ်တွေသာ ဝယ်ယူလို့ရမှာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးက စိတ်ကူးချိုချိုဆိုင်များမှာသာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

နှစ်ပတ်လည် အထူးထုတ်စာအုပ်များ

October 21, 2016