SKCC Maynmar Books



 

 

မောင်ထွန်းသူ (မြန်မာပြန်) ထောင်ချောက်
တန်ဖိုး- ၃၅၀၀ ကျပ်
တတိယအကြိမ်(၂၀၀၀ ပြည့်နှစ် ရဲအောင်စာပေ၏ ဒုတိယအကြိမ်မူ)၊ စာမျက်နှာ ၃၂၂ မျက်နှာ
၂၀၁၇ ခု၊ မတ်လ


စာအုပ်ထွက်တိုင်း အရောင်းရဆုံး စာအုပ်များတွင်အမြဲပါဝင်လေ့ရှိသည့် ကမ္ဘာ့ထိပ်တန်း စာရေးဆရာ 'ဆစ်ဒနီရှယ်လ်တန်'၏ လက်ရာဖြစ်သည်။ လျှို့ဝှက်နိုင်ငံရေး အဖွဲ့အစည်းတစ်ခု၏ နိုင်ငံရေးကစားကွက်များနှင့် ယှဉ်ပြိုင်ရသော အမေရိကန်သမ္မတ ရိုမေးနီးယားသမ္မတ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် စီအိုင်အေ ကြေးစားလူသတ်သမား နှင့် လှပချောမောသည့် အမျိုးသမီးပါမောက္ခတစ်ဦးတို့ဖြင့် ဇာတ်အိမ်တည်ထားသည့် လျှို့ဝှက်သည်းဖို ဝတ္ထုကိုနှစ်သက်သည့် ပရိသတ်များအကြိုက်တွေ့မည့်စာအုပ်ဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

 

အထောက်တော်လှအောင် ၏ ဟောလီးဝုဒ်မှ ကတော်များ
တန်ဖိုး- ၅၀၀၀ ကျပ်
တတိယအကြိမ်(၁၉၈၄ အောင်မိသားစု စာပေဖြန့်ချိရေး၏ ပထမအကြိမ်မူ)၊
စာမျက်နှာ ၃၇၀ မျက်နှာ
၂၀၁၇ ခု၊ မေလ


မူရင်းစာရေးသူ 'Jackie Collins'၏ အအောင်မြင်ဆုံးဝတ္ထုဖြစ်သည်။ ယနေ့အချိန်ထိ အုပ်ရေ ၁၅သန်းကို ပုံနှိပ်အဖြစ်ရောင်းချခဲ့ရသည့် စာအုပ်ဖြစ်သည်။ ကမ္ဘာ့ရုပ်ရှင်မြို့တော်ဖြစ်သည့် ဟောလီးဝုဒ်၏ အတွင်းရေးများကို အခြေခံကာ ရေးသားထားသည့်ဇာတ်လမ်းဇာတ်အိမ်ကြီးမားသည့် ဝတ္ထုကြီးဖြစ်သည်။ ဘာသာပြန်အရေးသွက်လက်သည့် ဆရာအထောက်တော်လှအောင်၏ ဘာသာပြန်လက်ရာကောင်းတစ်ပုဒ်ဖြစ်သည်။ မြန်မာစာဖတ်ပရိသတ်ကလည်း အကြိုက်တွေ့ခဲ့ကြသည်

 
 
 
       
 

SKCC Maynmar Books

 

မောင်ထွန်းသူ (မြန်မာပြန်) သတ်္တိသွေး
တန်ဖိုး- ၂၅၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၂၁၀ မျက်နှာ
၂၀၁၆ ခု၊ နိုဝင်ဘာလ


အမေရိကန်ပြည်တွင်းစစ်ကို အခြေခံ၍ရေးဖွဲ့ထားသောဝတ္ထုဖြစ်သည်။ စစ်စတင်ဖြစ်ပွားချိန်တွင် ပတ်ဝန်းကျင်၏ စေ့ဆော်မှုနှင့် မျိုးချစ်စိတ်ကိုအခြေခံကာ စစ်တပ်ထဲသို့ဝင်ခဲ့သော်လည်း တကယ်တန်းတိုက်ပွဲကို နဖူးတွေ့ ဒူးတွေ့ကြုံရသည့် အခါ ဖြစ်ပေါ်လာသည့် ကြောက်စိတ်နှင့်ရဲစိတ်ကိုအားပြုရေးဖွဲ့ထားခြင်းဖြစ်သည်။ ဇာတ်လမ်းကို ဦးစားပေးရေးဖွဲ့ထားခြင်းမဟုတ်ဘဲ စိတ်ခံစားမှုကိုသာ အဓိကထားရေးဖွဲ့ထားခြင်းဖြစ်သော်လည်း စာဖတ်သူကိုယ်တိုင် အမေရိကန်ပြည်တွင်းစစ်ထဲသို့ ရောက်ရှိသွားသလိုခံစားရမည့် ဝတ္ထုကောင်းဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

ရွှေဥဒေါင်း ၏ အိုင်ဗင်ဟို
တန်ဖိုး- ၂၇၀၀ ကျပ် ၊
ပြန်လည်ရိုက်နှိပ်ခြင်း၊ စာမျက်နှာ ၃၃၆ မျက်နှာ
၂၀၁၆ ခု၊ နိုဝင်ဘာလ


ကမ္ဘာစာပေတွင်ပြဇာတ်စာပေမှ ဝတ္တုခေတ်သို့ပြောင်းလာချိန်တွင် နာမည်ကျော်လာသည့် 'Sir Walter Scott'၏ ဂန္ထဝင်ဝတ္ထ္တုဖြစ်သည်။ ခရူးဆိတ်စစ်ပွဲကာလ အင်္ဂလန်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအရှုပ်အထွေးကိုနောက်ခံထား၍ ရေးဖွဲ့ထားသောဝတ္ထုဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်း၏ နာမည်ကျော် ဘာသာပြန်လက်ရာဖြစ်၍ တက်ခေတ်စာပေမှ ထုတ်ဝေကာ စိတ်ကူးချိုချိုမှ ဖြန့်ချိပေးထားခြင်းဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

ရွှေဥဒေါင်း ၏ ရတနာသိုက်
တန်ဖိုး- ၄၀၀၀ ကျပ်
ပြန်လည်ရိုက်နှိပ်ခြင်း၊ စာမျက်နှာ ၅၂၂ မျက်နှာ
၂၀၁၇ ခု၊ မေလ


ပထမ မြန်မာဝတ္ထုဟုသတ်မှတ်ကြသည့် ဂျိမ်းလှကျော်၏ 'မောင်ရင်မောင် မမယ်မ'ဝတ္ထုသည် အလက်ဇန်းဒါး ဒူးမားရေးသည့် ကမ္ဘာ့ဂန္ထဝင်ဝတ္ထု 'The Count Of Monte Cristo' ကိုမှီးသည်ဟုဆိုသည်။ ဆရာကြီးရွှေဥဒေါင်းက ထိုဝတ္တုကို တိုက်ရိုက်ဘာသာပြန်ပေးထားခြင်းဖြစ်သည်။
ရိုးသားကြိုးစားသည့် လူငယ်လေးတစ်ဦးကို မသမာသည်လုပ်ဖော်ကိုင်ဖက်နှင့် အစိုးရဝန်ထမ်းတို့က ချောက်ချ၍ ဒုက္ခပေးခဲ့သော်လည်း ရတနာသိုက်တွေ့ရှိကာ ချမ်းသာကြွယ်ဝသွားပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်သည်။ တက်ခေတ်စာပေမှထုတ်ဝေ၍ စိတ်ကူးချိုချိုက ဖြန့်ချိပေးခြင်းဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

မြတ်ငြိမ်း ၏ ဇွဲမော်ကွန်း
တန်ဖိုး- ၂၇၀၀ ကျပ်
ပြန်လည်ရိုက်နှိပ်ခြင်း၊ စာမျက်နှာ ၂၈၃ မျက်နှာ
၂၀၁၇ ခု၊ ဧပြီလ


ဗြိတိသျှလူမျိုး လူစွန့်စားတစ်ဦးက တောင်ဝင်ရိုးစွန်းတွင်အမိနိုင်ငံတော်အလံလွှင့်ထူနိုင်ရန်ကြိုးပမ်းခဲ့သည် ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်သည်။ ပထမအကြိမ် ဝင်ရိုးစွန်းခရီးတွင် လက်တစ်ကမ်းအလိုတွင် လက်လျှော့ခဲ့ ရသည့်အတွက် မကျေပဲ ထပ်မံသွားရောက်ရာ ရေခဲပြင်လွှာများကြားတွင်သင်္ဘောညှပ်သွား၍ ၁၇တိုင်တိုင်သောင်တင်နေခဲ့ရာမှ လက်ဖော်ကိုင်ဖက် များ၏ အသက်ကိုခဲခဲယဉ်းယဉ်း ကယ်တင်ခဲ့ရပုံကိုဖတ်ရှုရမည် ဖြစ်သည်။ အဆိုပါ ကိုယ်တွေ့ဖြစ်ရပ်မှ အတုယူဖွယ်၊ စိတ်ခွန်အားရဖွယ် အခြေအနေများကို ဖတ်ရှုရင်း စာဖတ်သူ၏ ဘ၀အောင်မြင်ရေးစိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးပါလိမ့်မည်။

 
 
 
       
 

SKCC Maynmar Books

 

မောင်ထွန်းသူ ၏ အိပ်မက်တောင်ကြား
တန်ဖိုး- ၂၀၀၀ ကျပ်
ဒုတိယအကြိမ်၊ စာမျက်နှာ ၁၆၆ မျက်နှာ
၂၀၁၇ ခု၊ ဧပြီလ


အမေရိကန်လူနီတိုင်းရင်းသားလူငယ် တစ်ယောက်အကြောင်းကိုရေးဖွဲ့ထားခြင်းဖြစ်သည်။စစ်တိုက်ခြင်းနှင့် လူသတ်ခြင်းကို လူမျိုးဓလေ့အဖြစ်သတ်မှတ်ထားသည့် ပတ်ဝန်းကျင်ကို အံဝင်ခွင်ကျမဖြစ်ခဲ့သော်လည်း လူ့သဘာဝအရပတ်ဝန်းကျင်နှင့် ကင်းကွာ၍ မနေနိုင်သည့် အကြောင်းကိုလှပစွာရေးဖွဲ့ထားသည်။ ထို့အပြင်ဇာတ်လမ်း၏နောက်ခံဖြစ်သော အမေရိကန်လူနီရိုင်းတို့၏ဘဝ ကိုလည်းပီပီပြင်ပြင် သရုပ်ဖော်ထားနိုင်သောဝတ္ထုကောင်းဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

မောင်ထွန်းသူ (မြန်မာပြန်) အကျဉ်းစံ
တန်ဖိုး- ၃၀၀၀ ကျပ် ၊
ပြန်လည်ရိုက်နှိပ်ခြင်း၊ စာမျက်နှာ ၂၇၂ မျက်နှာ
၂၀၁၆ ခု၊ ဒီဇင်ဘာလ


A.J.Cronin ၏ ဝတ္ထုများကိုဘာသာပြန်လေ့ရှိသည့် ဆရာမောင်ထွန်းသူ၏ လက်ရာကောင်းဖြစ်သည်။ ဖခင်တစ်ယောက်၏ မေတ္တာကို အာဃာတရားဖုံးလွှမ်း၍ အတ္တအဖြစ်အသွင်ပြောင်းသွားရာက ဖြစ်ပေါ်လာသောအကျိုးဆက်များ အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဝတ္တုအစမှ အဆုံးတိုင်ညင်သာစွာခေါ်ဆောင်သွားမည့်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

မင်းစိုးသန်း (မြန်မာပြန်) ပျံသန်းဖို့ အိပ်မက်များ
တန်ဖိုး- ၁၃၀၀ ကျပ် ၊
ပထမအကြိမ်၊ စာမျက်နှာ ၁၄၇ မျက်နှာ
၂၀၁၆ ခု၊ ဒီဇင်ဘာလ


ကိုရီးယားနိုင်ငံ၏ နာမည်ကျော်စာရေးဆရာမ 'Sun-mi Hwang' ရေးသားသည့် 'The hen who dream she could fly'ဝတ္တုကိုဘာသာပြန်ထားခြင်းဖြစ်သည်။ အဆိုပါ ဝတ္ထုသည် ကမ္ဘာတစ်ဝန်း အုပ်ရေ ၂သန်းကျော် ရောင်းချခဲ့ရပြီး ကာတွန်းရုပ်ရှင်သည်လည်း ကိုရီးယားနိုင်ငံ၏ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ လှောင်အိမ်ထဲမှာမွေးဖွား လှောင်အိမ်ထဲမှာကြီးပြင်းခဲ့ ရသည့် ဥစားကြက်မလေးတစ်ကောင်၏ လွတ်လပ်စွာရှင်သန်လိုစိတ်နှင့် မိခင်ဘဝ လိုလားတပ်မက်ပုံကိုခြယ်မှုန်းပြဆိုထားသောဝတ္ထုဖြစ်သည်။

 
 
 
       
 

SKCC Maynmar Books

 

မောင်ထွန်းသူ (မြန်မာပြန်) ချစ်မျက်ရည်ဘယ်ခါစဲလေလိမ့် (ဘာသာပြန်)
တန်ဖိုး- ၃၃၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၃၀၅ မျက်နှာ
၂၀၁၇ ခု၊ ဖေဖော်ဝါရီလ


တစ်ချိန်က ဟောလီးဝုဒ်ရုပ်ရှင်လောကတွင် ကျော်ကြားခဲ့သည့် မင်းသမီး လီလီယံရော့သ် ၏ ဘဝဖြစ်ရပ်မှန်ကို ဝတ္ထုသဏ္ဌာန် ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဆင်းရဲသည့် မိသားစုမှ မွေးဖွားလာသော်လည်း အောင်မြင်သည့် ကလေးသရုပ်ဆောင် ဖြစ်လာသည်အထိကြိုးစားခဲ့ရပုံများနှင့် ထိုမှတစ်ဆင့် ဟောလီးဝုဒ်ရုပ်ရှင်လောက၏ ထိပ်တန်း အဆိုတော် သရုပ်ဆောင်ဖြစ်အောင် ရုန်းကန်ခဲ့ရသည်များကို ရေးဖွဲ့ထားသည်။ ကွယ်လွန်သူ ဆရာမောင်ထွန်းသူ၏ ဘာသာပြန်လက်ရာကောင်းတစ်ပုဒ်ကို အရသာခံနိုင်ပါလိမ့်မည်။

 
 
 
       
 

SKCC Maynmar Books

 

နတ်နွယ်၏ တစ်ဖန်ပြန်၍ မနိုးသော ဝေဒနာ
တန်ဖိုး- ၄၅၀၀ ကျပ် ၊
တတိယအကြိမ်၊ စာမျက်နှာ ၄၅၆ မျက်နှာ
၂၀၁၇ ခု၊ ဇန်န၀ါရီလ


ဆေးပညာနောက်ခံဝတ္တုတစ်ပုဒ်ဖြစ်သည်။ မူရင်းဝတ္တု 'COMA' သည် အရောင်းရဆုံးစာအုပ်စာရင်းတွင်ပါဝင်ခဲ့ပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးရာတွင်လည်း အောင်မြင်မှုရခဲ့သည့် ဝတ္ထုဖြစ်သည်။ဆရာနတ်နွယ်က ဘာသာပြန်ထားပြီး စန္ဒာမဂ္ဂဇင်းတွင် တစ်နှစ်တိတိ အခန်းဆက်ဝတ္ထုရှည်အဖြစ် ထည့်သွင်းဖော်ပြခဲ့ဖူးသည်။ ROBIN COOK ၏ အခြားဆေးလောက နောက်ခံ ၀တ္ထုများလည်း ဆရာနတ်နွယ်၏ ဘာသာပြန်လက်ရာဖြင့် ဆက်တိုက်ထွက်ရှိလာဦးမည် ဖြစ်ပါသည်။

 
 
 
       
 

SKCC Maynmar Books

 

အထောက်တော်လှအောင် ၏ ရှစ်စပ်က ဂျင်ခြေလည်သူ
တန်ဖိုး- ၈၀၀၀ ကျပ် ၊
ပြန်လည်ရိုက်နှိပ်ခြင်း၊ စာမျက်နှာ ၇၇၇ မျက်နှာ
၂၀၁၇ ခု၊ ဇန်န၀ါရီလ


မူရင်းဝတ္ထုသည် ဟားရိုးရော်ဘင်၏ နိုင်ငံတကာတွင် အရောင်းရဆုံးစာရင်းဝင် စာအုပ် ဖြစ်သလို ဆရာအထောက်တော်လှအောင်၏် လူကြိုက်များခဲ့သည့်စာအုပ်ဖြစ်သည်။ အရေးသွက်သွက်၊ ဇာတ်အိမ်ကျယ်ကျယ်ဖြင့် ဆွဲဆောင်နိုင်သည်။ ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းပေါင်းကာ တစ်အုပ်တည်းအဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
 

 
 
 

SKCC Maynmar Books

 

တက္ကသိုလ်နေ၀င်း ၏ အန္တရာယ်ပစ်မှတ်
တန်ဖိုး- ၂၅၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၂၉၃ မျက်နှာ
၂၀၁၄ ခု၊ မေလ။


ပြိုင်ဘက်အင်အားကြီး ကွန်မြူနစ်နိုင်ငံကြီးတစ်နိုင်ငံကို ဂျပန်နိုင်ငံတွင် အခြေစိုက်၍ နျူကလီးယားလက်နက်ဖြင့် ဖြိုခွင်းရန်ကြံစည်သည့် အမေရိကန်ဗိုလ်မှူး တစ်ယောက်၏ မဟာလုပ်ကြံမှု၊ ထိုအကြံအစည်ကို လက်မခံဘဲ ဆန့်ကျင်ခဲ့သူ ရေတပ်ဗိုလ်ကလေးပေါ်လ်၊ ပေါ်လ်တစ်ယောက် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည်ဆိုခြင်းကို လက်မခံနိုင်သူ ပေါ်လ်ဖခင် နာမည်ကျော်စာရေးဆရာကော်မင်၊ သားဖြစ်သူ၏အကြောင်းကို ဂျပန်ပြည်ထိ လိုက်လံစုံစမ်းရာမှ မထင်မှတ်ဘဲ သိရှိလိုက်ရသော အလွန်ရက်စက်ယုတ်မာလှသည့် လုပ်ကြံမှုကြီး။ ထိုသို့ဖြင့် ကော်မင်တစ်ယောက် ထိုလုပ်ကြံမှုကြီးကို ဆန့်ကျင်ဖျက်ဆီးရာ၌ ကြုံတွေ့ရသော သည်းထိတ်ရင်ဖိုစရာများကို ရေးဖွဲ့ထားပါသည်။
စာမြည်း ။ ။
“ကော်မင်”အနေဖြင့် အထူးစိတ်ဝင်စားမိသော သတင်းတစ်ပုဒ်မှာ လာမည့်ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် “လန်ချောင်” မြို့၌ ကျင်းပမည့် သိပ်္ပံပညာညီလာခံကြီးတွင် ထိုကွန်မြူနစ်နိုင်ငံမှ ထိပ်တန်းသိပ္ပံပညာရှင်များ စုံညီစွာတက်ရောက်ကြမည်ဟူသော သတင်းပင် ဖြစ်သည်။ ယင်းညီလာခံကြီး၌ သိပ္ပံပညာပြပွဲကြီးလည်း ခင်းကျင်းပြသမည်ဖြစ်၍ သူတို့နိုင်ငံမှ ထုတ်လုပ်သော အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံ ပြသထားမည်ဟု ဆိုသည်။ ယင်း ညီလာခံမှာပင် ဒေါက်တာ“ချီယန်ဆန်ချန်”က အရေးကြီးသော မိန့်ခွန်းတစ်ရပ် ပြောကြားလိမ့်မည်ဟု ဆိုလေသည်။
“ကော်မင်”သည် သတင်းစာကို အသာချထားလိုက်ပြီး သူဖတ်ရသည့် သတင်းများအကြောင်း သေချာစွာ စဉ်းစားကြည့်မိလေသည်။
စဉ်းစားရင်းနှင့် အမေရိကန်အစိုးရ၏လျှို့ဝှက်စီမံချက်ကို ရိပ်စားမိလာသည်။ သတင်းစာပါ အချက်အလက် အတိုအထွာများကို စုပေါင်းလေ့လာခြင်းဖြင့် အဖြေမှန်ကို တွေးမိလာသည်။ ဂျပန်စုံထောက်“မစ်ဆူ”သည်လည်း ဤသတင်းစာမှ သတင်းဆောင်းပါးကို ဖတ်မိရာမှအမှန်ကို တွေးတောမိဟန်တူသည်။ “မစ်ဆူ”သည် ယင်းသို့ တွေးမိရာမှ တစ်ခုခုပြုလုပ်ရန် ကြိုးစားနေခိုက် မော်တော်ကားဖြင့် တိုက်သတ်ခံရခြင်း ဖြစ်ရပေမည်။
တစ်ဖန် “ကော်မင်”သည် သူ၏သား“ပေါလ်”အကြောင်းကိုပါ ဆက်စပ် စဉ်းစားမိပြန်သည်။ “ပေါလ်”သည်လည်း အမေရိကန်အစိုးရ၏ လျှို့ဝှက်စီမံချက်အကြောင်း သိရှိသွားသဖြင့် အသတ်ခံရခြင်း ဖြစ်ရပေမည်။
“ကော်မင်”သည် သတင်းစာကို ပြန်ကောက်ယူ၍ ရက်စွဲကိုကြည့်ရာ ဖေဖော်ဝါရီလ(၂) ရက်နေ့ထုတ် သတင်းစာဖြစ်ကြောင်း တွေ့ရသည်။
“လန်ချောင်” မြို့၌ ကျင်းပမည့် သိပ်္ပံပညာညီလာခံကြီးကို ဖေဖော်ဝါရီလ (၅)ရက်နေ့ ပြုလုပ်မည်ဖြစ်ရာ ကြားသုံးရက်သာကျန်တော့သည်။ ယင်း ညီလာခံကြီးကျင်းပချိန်တွင် အမေရိကန် တို့က ဘာလုပ်မည်ကို “ကော်မင်” က ကြိုတင်ရိပ်မိပြီဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ခုခု အလျင်အမြန်လုပ်မှ ဖြစ်ချေတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်လေသည်။
 

 
 
 

SKCC Maynmar Books

 

မောင်ထွန်းသူ ၏ ချစ်လူဆိုး
တန်ဖိုး- ၅၀၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၅၂၅ မျက်နှာ
၂၀၁၃ ခု၊ နိုဝင်ဘာလ။

အသက်ငယ်ငယ်နှင့် အမေရိကန်ထိပ်တန်းစာရေးဆရာတစ်ယောက်ဖြစ်ခဲ့သော စကေ့ဖစ်ဇ်ဂျာရယ်၏ ဘ၀မှန်ကို ရေးဖွဲ့ထားသော ၀တ္ထုဖြစ်သည်။ ဤ၀တ္ထုကို မင်းသားကြီး ဂရီဂိုရီပက်၊ မင်းသမီး အယ်အိုရာ ကာတို့ဖြင့် ဟောလိဝုဒ်တွင် ရုပ်ရှင်ရိုက်ကူးခဲ့ရာ အောင်မြင်ခဲ့ပြန်ပါသည်။
ဤစာအုပ်၌ စာပေဘက်တွင် အကျိုးပေးကောင်းခဲ့သော်လည်း အချစ်ရေးတွင် အလွန်ကံခေရှာလေသူ စကော့ဖစ်ဇ်ဂျာရပ်၏ ရင်နင့်ဖွယ်အဖြစ်ကို ရသမြောက်စွာတင်ပြထားပါသည်။ စာရေးသူ ရှီလာဂရေဟမ် ကိုယ်တိုင်မှာလည်း နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်ရုံမက ဖစ်ဇ်ဂျာရယ်၏ ချစ်သူဟောင်းတစ်ဦးဖြစ်ရာ မိမဲ့ဖမဲ့ဘ၀ဖြင့် ဆင်းရဲကြမ်းတမ်းလှသော သူ့ဘ၀၏ တစ်စိတ်ပိုင်းကိုပါ ထည့်သွင်းရေးဖွဲ့ထားသဖြင့် လူငယ်စာရေးဆရာနှစ်ဦး၏ မိန်းမူးဖွယ် ချစ်ခြင်းတရား၊ ဘ၀အလွမ်း အမောများ၊ အားမာန်များ စသည်ဖြင့် ခံစားရမည့် ဖြစ်ရပ်မှန်ဝတ္ထုတစ်အုပ်ဖြစ်ပါသည်။
 

 
 
 
 
 



 

မောင်ထွန်းသူ (မြန်မာပြန်) တိုကျို
တန်ဖိုး- ၅၀၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၆၀၀ မျက်နှာ
၂၀၁၄ ခု၊ ဇွန်လ။


    ပီကင်း၊ ဆိုင်ဂုံတို့ဖြင့် နာမည်ကျော်ကြားလှသော စာရေးဆရာကြီး Anthony Grep ၏
အကောင်းဆုံးလက်ရာတစ်ခု ဖြစ်ပါသည်။
  ဂျပန်တို့၏၀ိညာဉ်၊ ဂျပန်နိုင်ငံတော်ကြီး၏ ဘ၀ဖြစ်စဉ်ကို နယားအော်လန်နယ်သား
လူငယ်အရာရှိ ရောဘတ်အီဒင်၊ မင်းသား တနာကာယိုရှိအို ဦးဆောင်သည့် ဂျပန်ဆာမူရိုင်းများ၊
လှပချစ်စရာကောင်းသော ဂေရှားမယ်လေး တိုကီဝါ စသည်တို့နှင့် အထီးကျန်နေထိုင်ရေးယူသော
တံခါးပိတ်ဝါဒ ကျင့်သုံးနေသည့် ဂျပန်နိုင်ငံနှင့် အနောက်နိုင်ငံများအကြား ပေါ်ပေါက်လာခဲ့သည့်
ပဋိပက္ခများမှတစ်ဆင့် ပုလဲဆိပ်ကမ်း၊ ဟီရိုရှီးမား၊ နာဂါစကီ ဖြစ်ရပ်များ၏ သမိုင်းလမ်းကြောင်းကို
ရေးဖွဲ့ထားပါသည်။

 
 
 
 
 



 

ညိုသစ် ၏ အရိုင်းမိစ္ဆာနှင့် ဘာသာပြန်ဝတ္ထုတိုများ
တန်ဖိုး- ၁၇၀၀ ကျပ်၊
ပထမအကြိမ်၊ စာမျက်နှာ ၁၄၁ မျက်နှာ၊
၂၀၁၄ ခု၊ ဇူလိုင်လ။

    Franz Kafka, Jack London, Samuel Backett, Wren & moatin's, M Gorky, Graham
Greene, Gordon စသည့် နိုဘယ်ဆုရ ကမ္ဘာကျော်စာရေး ဆရာကြီးများ၏ ၀တ္ထုတိုများကို
ပြန်ဆိုထားခြင်းဖြစ်ပါသည်။

 
 
 
 



 

တက္ကသိုလ်နေ၀င်း (မြန်မာပြန်) မေဂျာဆိုင်းမွန်း
တန်ဖိုး- ၃၀၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၃၄၈ မျက်နှာ
၂၀၁၄ ခု၊ ဇူလိုင်လ။

          ဤစာအုပ်ကို ရေးသားသူ (မူရင်း) စာရေးဆရာမှာ ဂျက်ဟစ်ဂင်း ဖြစ်ပါသည်။ သူ၏ ၀တ္ထုများသည် ကမ္ဘာတစ်ဝန်းလုံး၌ စောင်ရေ မြောက်မြားစွာ ရောင်းချခဲ့ရရုံမျှမက ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ရပါသည်။ သူသည် ၀တ္ထုတစ်အုပ်ကို ရေးသားတော့မည်ဆိုလျှင် အသေးစိတ် စေ့စပ်စွာ လေ့လာပြီး တိကျခိုင်မာစွာ ရေသားလေ့ရှိသူဟူ၍ နာမည်ကျော်လွန်းသူ ဖြစ်ပါသည်။ သူ၏ ၀တ္ထုများ၌ နောက်ခံအကြောင်းအရာ၊ ခေတ်ကာလ အခင်းအကျင်းများ နှင့်တကွ အဖွဲ့အစည်းများ၏ အတွင်းရေးများပါမကျန် သေချာစွာ ရေးဖွဲ့နိုင်စွမ်းရှိသဖြင့်လည်း သူ၏ စွန့်စားခန်းဝတ္ထုများမှာ ခေတ်ကာလ ရုပ်လုံးကြွ နေလေ့ရှိပါသည်။
          ဤစာအုပ်မှာ ဗြိတိန်နိုင်ငံရှိ မြောက်အိုင်ယာလန် ပြည်နယ်၌ မျက်ကန်းမျိုးချစ်၊ အယူသည်း အကြမ်းဖက်သမားများကို ဗြိတိသျှ အစိုးရအနေ ဖြင့် ခက်ခက်ခဲခဲ နှိမ်နင်းနေခဲ့ရသော ကာလကို နောက်ခံထား၍ ရေးဖွဲ့ထားပါသည်။ ဆိုင်းမွန်မော်ဂန် ဆိုသော ဗိုလ်မှူးတစ်ဦးကို အဓိက ဇာတ်လိုက် (Hero) နေရာ၌ထားကာ ရေးဖွဲ့ထားသော အကြမ်းဖက်တိုက်ဖျက်ရေး၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဝတ္ထု ဖြစ်ပါသည်။
 

 
 
 
 



 

ဗမိုး (မြန်မာပြန်) ၏ မင်္ဂလာပါ ဆရာမ မချိုးဖြူ
တန်ဖိုး- ၁၈၀၀ ကျပ် ၊
ပထမအကြိမ်၊ စာမျက်နှာ ၁၃၈ မျက်နှာ
၂၀၁၄ ခု၊ စက်တင်ဘာလ။

ဖခင်ကြီး၏ ကြွေးမြီများကို ပေးဆပ်ရန်အတွက် ကျောင်းဆရာမလုပ်ခဲ့ရာမှ ကျောင်းဆရာမကြီးဘ၀နှင့် အရိုးထုတ်ခဲ့ရသူတစ်ဦး၏ ဘ၀ဇာတ် ကြောင်း ဖြစ်ပါသည်။ အမေရိကန်၏ ဂန်္ထ၀င်စာပေ စာရင်းဝင်ဖြစ်သလို ရုပ်ရှင်မင်းသမီးကြီး ဂျနီဖာဂျုံးစ်က အကောင်းဆုံးသရုပ်ဆောင်၍ ရုပ်ရှင်ရိုက်ကူး ရာ အလွန်အောင်မြင်ခဲ့သော ဇာတ်လမ်းလည်း ဖြစ်ပါသည်။
ဝါသနာ မစေ့ဆော်ဘဲ ကျောင်းဆရာမအလုပ်ကို လုပ်ခဲ့ရသော်လည်း စေတနာစိတ်များ ယိုဖိတ်ကာ တစ်ဘ၀လုံး တပည့်များအတွက် အနစ်နာ ခံခဲ့သော ဆရာမလေး မချိုးဖြူ၊ ရောဂါဝေဒနာစွဲကပ်ကာ ဘ၀နိဂုံး အဆုံး၌ ခွဲစိတ်ဆရာဝန်ကြီးများနှင့် မကုသချင်ဘဲ သေချင်သေပါစေ၊ မိမိသား တပည့် ဆရာဝန်ကလေးနှင့်မှ ကုသမှုခံလိုသည်ဟူသော ဆရာမကြီး ဒေါ်ချိုးဖြူ၏ ဘ၀ဇာတ်ကို လှိမ့်တက်လာသော တနင့်တပိုးရှိုက်လုံးများနှင့် ဆရာ့ဘ၀၊ ဆရာ့သိက်္ခာ၊ ဆရာ့စေတနာ၊ အနစ်နာတို့ကို အပီပြင်ဆုံး ဖော်ကျူးထားသည့် ၀တ်္ထုကောင်းတစ်အုပ် ဖြစ်ပါသည်။