SKCC Maynmar Books

 

တက္ကသိုလ်နေ၀င်း ၏ အန္တရာယ်ပစ်မှတ်
တန်ဖိုး- ၂၅၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၂၉၃ မျက်နှာ
၂၀၁၄ ခု၊ မေလ။


စာမြည်း ။   ။ 

 
 
 

SKCC Maynmar Books

 

မောင်ထွန်းသူ ၏ ချစ်လူဆိုး
တန်ဖိုး- ၅၀၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၅၂၅ မျက်နှာ
၂၀၁၃ ခု၊ နိုဝင်ဘာလ။


စာမြည်း ။   ။ 

 
 
 
 
 



 

မောင်ထွန်းသူ (မြန်မာပြန်) တိုကျို
တန်ဖိုး- ၅၀၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၆၀၀ မျက်နှာ
၂၀၁၄ ခု၊ ဇွန်လ။


စာမြည်း ။   ။ “နောင်အနာဂတ်တွင် ဤကမ်္ဘာမြေကြီးပေါ်၌ နေမင်းကြီးထွန်းလင်းတောက်ပနေသမျှ
ကာလပတ်လုံး နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားများသည် တစ်ဦးတစ်ယောက်မျှ ဂျပန်နိုင်ငံဘက်သို့
ရေကြောင်းဖြင့် ကူးသန်းလာခြင်း မရှိစေရ။ ဤအမိန့်သည် သံအမတ်တစ်ဦးကို ပင် ခြွင်းချက်မပေးရ”ဟု
ညွှန်ကြားထားသည်။ ဤအမိန့်က ဆက်လက်၍ ဤကြေညာချက်ကို ဘယ်သောအခါမှ
ပြန်လည်ရုပ်သိမ်းလိမ့် မည်မဟုတ်။ သေမင်း နှင့်ရင်ဆိုင်ရသည်အထိ
အခိုင်အမာတည်တံ့စေလိမ့်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။ ဤခေတ်ကာလ အတွင်း ကံမကောင်း
အကြောင်းမလှလွန်း၍ ဂျပန်နိုင်ငံကမ်းခြေဘက်သို့ သင်္ဘောပျက်ပြီး ရောက်ရှိသွားသော
နိုင်ငံခြားသားသင်္ဘောများသည် တစ်ခါတစ်ရံတွင် တိရစ္ဆာန်များသဖွယ် လှောင်ချိုင့်ကြီးများထဲ၌ ထည့်ကာ
လူအများအား ပြသထားခြင်း ခံရတတ်လေသည်။
ပြင်းထန်တင်းကျပ်သော ဤဥပဒေများသည် ဂျပန်နိုင်ငံအား ကမ္ဘာပေါ်တွင် အထီးကျန်အနိုင်ဆုံး
အမျိုးသားတစ်ရပ်အဖြစ်သို့ အသွင်ပြောင်းသွားစေခဲ့သည်။ ယင်းပုံစံသည် အလယ်ခေတ် (ခရစ်နှစ် ၅၀၀ မှ
၁၄၀၀ အထိ) ကုန်ခါနီးအထိ ခြေရာလက်ရာမပျက်အောင် ထိန်းသိမ်းထားခဲ့လေရာ ဆယ့်ကိုးရာစုခေတ်၏
ခေတ်လယ်အထိ တည်တံ့ခဲ့လေသည်။

 
 
 
 
 



 

ညိုသစ် ၏ အရိုင်းမိစ္ဆာနှင့် ဘာသာပြန်ဝတ္ထုတိုများ
တန်ဖိုး- ၁၇၀၀ ကျပ်၊
ပထမအကြိမ်၊ စာမျက်နှာ ၁၄၁ မျက်နှာ၊
၂၀၁၄ ခု၊ ဇူလိုင်လ။

 
စာမြည်း။ ။
“ပေါလ် ထမင်းစားပြီးလား” ဟု မေးသည်။
ဂေါ်ဂင်သည် ခပ်ကြမ်းကြမ်း ရယ်မောလိုက်ပြီး
“ဟုတ်တယ်၊ မစားရသေးဘူး” ဟု ပြောသည်။ သူသည် ထိုင်ရာမှ မတ်တတ်ရပ်လိုက်ပြီး
ကုလားထိုင်နောက်မှာ တင်ထားသည့် ကုတ်အင်္ကျီကို ဖြုတ်ယူလိုက်သည်။ ရှာဖင်နစ်ကာသည် စားပွဲပေါ်မှ
ရေးဆွဲထားသော ပုံကြမ်းကို ကြည့်ရှုအကဲခတ်ရန် ရှေ့ဆီသို့ လှမ်းသွားခဲ့သည်။ သူက သွေးတိုးစမ်းပြီး
“ပီဆာဂိုရဲ့ ရေးဟန်တွေနှင့် ရောနှောနေသလား မသိဘူး” ဟု ဂေါ်ဂင်ကို ပြောသည်။ ဂေါ်ရင်
မျက်မှောင်ကုတ်သွားတော့သည်။ ပွန်တီဇီ မှာ ပီဆာရိုတို့ မိသားစုနှင့်အတူ ရက်သတ်္တပတ်
အများအပြားနေထိုင်ပြီး အချိန်ကုန်ခဲ့သည်။ ပီဆာရိုသည် ၀ဖီးပြီးစကားအလွန်ပြောနိုင်သူလည်း ဖြစ်သည်။
သူ့ကို ပန်းချီနှင့်ပတ်သက်သည့်အကြောင်းကို အနည်းအကျဉ်းမျှ ပြောပြခဲ့ဖူးသည်။ သို့သော်လည်း
ယခုတော့ ဂေါ်ဂင်သည် သူကိုယ်တိုင် ပန်းချီကို လေ့ကျင့်ရေးဆွဲနေပြီး မီးသွေးနှင့် ရေဆေး (ဒါမှမဟုတ်)
ဆီဆေး၊ သူရေးဆွဲသည့် ပန်းချီကားသည် ပီဆာရို၏ ပန်းချီကား တစ်ကား နှင့် တူနေသည်။
ဂေါ်ဂင်က
“ဒီလို သစ်ပင်နဲ့တူအောင် ဘယ်တော့မှ ပီဆာရို မရေးဆွဲဘူး”
တွန့်လိမ်နေအောင် ရေးဆွဲထားတဲ့ ပန်းချီကားကို ကြည့်ပြီး ဝေဖန်ပြောပြသည်။
“အို ... မဟုတ်ဘူး။ ခင်ဗျားပြောတာ မှန်တယ်။ ဒါပေမဲ့ စေဇန်းက ဒီလိုရေးဆွဲတယ်”
ရှာဖင်နစ်ကာသည် စကားကို အေးဆေးစွာဖြင့် ပြောသည်။ ဂေါ်ဂင်သည် ရေးဆွဲထားသော
ပုံကြမ်းကို ကြမ်းတမ်းစွာ ဆုတ်ယူလိုက်ပြီး ပြတ်သားတင်းမာ ပေါက်ကွဲသောအသံဖြင့်
“ဒါဟာ ယုတ်ညံ့တယ်၊ ခင်ဗျားပြောတာ မှန်တယ်” ဟု ပြောသည်။ ပုံကြမ်းရေးဆွဲထား သော
စာရွက်ကို ဘောင်းဘီအိတ်ထဲသို့ လုံးချေ ထိုးသိပ်ပြီး ထည့်လိုက်သည်။

 
 
 
 



 

တက္ကသိုလ်နေ၀င်း (မြန်မာပြန်) မေဂျာဆိုင်းမွန်း
တန်ဖိုး- ၃၀၀၀ ကျပ် ၊
ဒုတိယအကြိမ်၊ စာမျက်နှာ ၃၄၈ မျက်နှာ
၂၀၁၄ ခု၊ ဇူလိုင်လ။

 
စာမြည်း။ ။
          
ကျွန်ုပ်အမည်မှာ “ဆိုင်းမွန်းဗော်ဂန်” ဖြစ်ပါသည်။
           ဗြိတိသျှစစ်တပ်တွင် မေဂျာ (ဗိုလ်မှူး)အဆင့် ရှိခဲ့သဖြင့် အများ က “မေဂျာ ဆိုင်းမွန်း”ဟု ခေါ်လေ့ရှိကြသည်။
           သို့သော် ဤဇာတ်လမ်း စတင်ဖြစ်ပျက်သည့်အချိန်၌ ကျွန်ုပ် သည် ဂရိတ်(ခေါမ)နိုင်ငံ၏ အေဂျီယံ ပင်လယ်ကမ်းခြေအနီးရှိ အကျဉ်း ထောင်တစ်ခုထဲသို့ ရောက်နေပါသည်။
           ရှေ့လာလတ်္တံ့သော အဖြစ်အပျက်များအကြောင်းကို စာဖတ် သူတို့အနေဖြင့် ပို၍ရှင်းလင်းစွာ သဘောပေါက်နိုင်ရန်အတွက် ကျွန်ုပ်၏ အတိတ်ဇာတ်ကြောင်းအကျဉ်းကိုလည်း ဖော်ပြရန်လိုမည်ထင်ပါသည်။
ကျွန်ုပ်သည် ဗြိတိသျှစစ်တပ်သို့ ၀င်ရောက်အမှုထမ်းခဲ့ပြီး “ကိုရီး ယားစစ်ပွဲ”အတွင်းက စစ်မြေပြင် အတွေ့အကြုံ အတော်များများ ရခဲ့ရုံမျှ မက ရှေ့တန်းစစ်မျက်နှာ၌ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ခြင်းကြောင့် အထက် လူကြီးများကချီးကျုးခြင်းခံခဲ့ရသလို တချို့က ကျွန်ုပ်၏လုပ်ရပ်များက မိုက်ရူးရဲဆန်လွန်းသည်ဟု ဝေဖန်ပြောဆိုခြင်းလည်း ခံခဲ့ရပါသည်။
           မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏၀ါသနာက ရန်သူအား တိုက်ခိုက် ရာတွင် တုံးတိုက်တိုက်၊ ကမ်းတိုက်တိုက် အပြတ်ချေမှုန်းပစ်လိုသည့် စိတ်ဓာတ် ခိုင်မာပြင်းပြခြင်းပင်ဖြစ်သည်။
စစ်တပ်ထဲတွင် အမှုထမ်းနေရင်း ကျွန်ုပ်သည် လက်နက်မျိုးစုံ ကိုင်တွယ်ရာ၌ အထူးကျွမ်းကျင်နားလည်ကာ လက်နက်ခဲယမ်း ပါရဂူ တစ်ယောက်သဖွယ် ဖြစ်လာခဲ့ပါသည်။
           ယင်းအချက်ကြောင့်ပင်လျှင် ကျွန်ုပ်သည် ကိုရီးယားစစ်ပွဲပြီးဆုံး ၍ တပ်မှ အငြိမ်းစားယူခဲ့သည့်နောက်ပိုင်း အသက်မွေးဝမ်းကျောင်း အလုပ် အဖြစ် သူများတကာလို စီးပွားကုန်သွယ်ရေးမလုပ်ဘဲ လက်နက်ခဲယမ်း ရောင်းဝယ်ဖောက်ကားခြင်း အလုပ်ကိုသာ လုပ်ခဲ့ပါသည်။
           လက်နက်ခဲယမ်းများရောင်းဝယ်သည်ဆိုရာ၌ တရားဝင် ရောင်း ၀ယ်ခြင်းများရှိသလို၊ တရားမ၀င်(မှောင်ခို) လက်နက်ရောင်းဝယ်ခြင်း လည်း လုပ်ခဲ့ပါသည်။
           သို့နှင့်ပင် အချိန်ကာလ တရွေ့ရွေ့နှင့် ကုန်လွန်ခဲ့ပါသည်။
           ကျွန်ုပ်နှင့်ပတ်သက်၍ စာဖတ်သူတို့ ကြိုတင်သိရှိထားသင့်သော နောက်တစ်ချက် ရှိပါသေး သည်။
           ယင်းကား ကျွန်ုပ်သည် အိုင်ယာလန်လူမျိုးအနွယ်ဖြစ်သည် ဟူသောအချက်ပင် ဖြစ်သည်။ ကျွန်ုပ်သည် အိုင်ယာလန် သွေးအစစ်ဖြစ်ပါ သည်။
           ကျွန်ုပ် ယခု ရောက်ရှိနေသော ဂရိတ်နိုင်ငံ အကျဉ်းထောင်ကား သက်ဆိုင်ရာမှ သေဒဏ်အပြစ်ပေးခံရသူများအား မကွပ်မျက်မီ ထားရှိ သောထောင်ပာုလည်း နာမည်ကြီးပါသည်။
           ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် တနင်္လာနေ့တိုင်း သေဒဏ် ချမှတ်ခြင်းခံရသူများအား အထူးသေနတ်ပစ်တပ်ဖွဲ့က ပစ်သတ်ကွပ်မျက် လေ့ရှိပါသည်။
           ထိုသို့ ကွပ်မျက်သည့်နေရာက အကျဉ်းထောင် အလယ်ဗဟိုရှိ ကွင်း သို့မဟုတ် မြေကွက်လပ်တစ်ခု ဖြစ်ပါသည်။

 
 
 



 

ဗမိုး (မြန်မာပြန်) ၏ မင်္ဂလာပါ ဆရာမ မချိုးဖြူ
တန်ဖိုး- ၁၈၀၀ ကျပ် ၊
ပထမအကြိမ်၊ စာမျက်နှာ ၁၃၈ မျက်နှာ
၂၀၁၄ ခု၊ စက်တင်ဘာလ။

 
စာမြည်း။ ။
          
ရဲပတ္တယောင်တင်ကြိုသတိပေးသဖြင့် ဆေးရုံသည် ဆရာမကြီးအတွက် အသင့်ဖြစ်နေ၏။ ခေတ်ပြိုင်ဆေးရုံများနှင့်ယှဉ်လျှင် သည်ဆေးရုံက ငယ်သည်။ သို့သော် လီဘာတီကုန်းအတွက်မူ ကြီးပါသည်။ ဆေးရုံ သစ်ဖြစ်ကြောင်းလည်း မာန်မပျက် ဟန်မပျက် ရှိသေးသည်။ သည်မြို့၏ ပြစ်မျိုးမှဲ့မထင် ပုဂ်္ဂိုလ်ကြီးရောက်ရှိလာတော့မည်ဟူသော သတင်းစကား ကိုရသောအခါ ဆေးရုံအုပ်ကြီးမှအစ အဆင့်ဆင့်အမှုထမ်းအားလုံး ရင် ဆိုင်ရန် အသင့်ပြင်ထားလိုက်ကြတော့၏။ ဆေးရုံအုပ်ကြီးသည် အချိန် ကိုစနစ်တကျခွဲဝေအသုံးပြုတတ်သူဖြစ်ကြောင်း ဆရာမကြီး အမှတ်ရ သည်။ ဆေးရုံအုပ်ကြီးဘေးမှာ ရဲပတ်္တယောင်ဝီလီယံဟော်လိုဝေး၊ နှစ်ဦး သားရပ်နေကြသည်မှာ သတိအနေအထား၊ နိုင်ငံအထွတ်အထိပ်တစ်ဦး လာရောက်မည့် ပုံစံအနေအထားအတိုင်းဖြစ်၏။ ဆရာမကြီးသည် သူတို့ နှစ်ဦးကြားမှာ ဖြတ်သွားရာတွင် ၀ဲဘက်တစ်လှည့် လက်ယာဘက်တစ် လှည့် ကျက်သရေရှိလှစွာ ဦးခေါင်းညွတ်သွားသည်။
လူနာအခန်းအတွင်း တံခါးအနီးမှာ ခုတင်တစ်လုံးပြင်ထားသည်။ ခင်းထားသော လင်နင်ပိတ်သားမှာ နံရံများ၏ ရေညှိရောင်နှင့် ဆီးနှင်းပြင် ပမာ ဖွေးလက်နေ၏။ ခုတင်ဘေးတွင် ဆံပင်အနက်နှင့် သူနာပြုတစ်ဦး ရပ်လျက်ရှိသည်။
ဆရာမကြီးကို ခုတင်ပေါ်သို့ ချကြသည်။ ညင်သာလွန်းကြသဖြင့် ဆရာမကြီးမှာ မဖြစ်စလောက်သာနာကျင်သည်။
ဆရာမကြီး မော့ကြည့်လိုက်သည်။ မိမိအားကြည့်နေသည်များမှာ စိုးရိမ်သောပြုဖွယ်ကိစ်္စ၌ စိတ်အားထက်သန်လျက်ရှိသော အကြည့်များ။ အစဉ်အဆက်အပေါ်စီးကသာ ကြည့်လေ့ရှိခဲ့သည့် ဆရာမကြီးအဖို့ ဤ အကြည့်များကိုတော့ တစ်မျိုးခံစားမိလေ၏။
ဆေးရုံအုပ်ကြီးက-
“ဆရာမကြီး လိုအပ်မလားလို့ အထူးညစောင့်တစ်ဦး စီစဉ်ထားပါ တယ်၊ နေ့အခါအတွက်တော့ လက်တွေ့ပြုစုနိုင်မယ့် သူတွေထဲက တစ်ဦးရပါ တယ်။ မစ္စက်ဂရင်းပါ သူကအားလုံးထဲမှာ အကောင်းဆုံးအတော်ဆုံးပါ”
နေ့သူနာပြု မစ္စက်ဂရင်းက ဆရာမကြီး၏ဒူးတွေပေါ်အောင် စောင်ခြုံ ပေးရင်း....
“ကျွန်မက ကြိုးစားနေတာပါပဲ၊ ဆရာမကြီး ကျွန်မကို မှတ်မိလား ဟင်၊ ကျွန်မဘီလီဇန်းလေ”
“အေးပါ”
ဆရာမကြီး ဘီလီဇန်းကို ကောင်းကောင်းမှတ်မိပါသည်။ အရည် လည်လျက်ရှိသော မျက်လုံးများနှင့် မိန်းကလေးအသက်ခုနစ်နှစ်မှာ ကိုယ် အားရော စိတ်ပါချည့်နဲ့နဲ့၊ အသက်ဆယ့်နှစ်နှစ် အရွယ်ကျတော့ သူ့မှာ လိင် ကိစ္စရှုပ်ထွေးရာ တစ်ကျောင်းလုံးစိတ်ဒုက်္ခဖြစ်ကုန်ကြရသည်။
“မစ္စက်ဂရင်းကို မှတ်မိပါတယ်”
“ခုတော့ ကျွန်မလည်း အသက်ကြီးလာပါပြီ”
ဆရာမကြီး အတွေးကိုရိပ်စား သိရှိသွားသည့်အလား ယခင်ဘီလီဇန်း ယခုမစ္စက်ဂရင်းက ပြောလိုက်၏။